မောင့်မူပိုင် 18(ZawGyi&Unicode)

1.5K 171 100
                                    


ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်တော့မည်။ မောင့်ရဲ့အဆောင်ရှေ့လာလာစောင့်နေခဲ့ပေမဲ့ မောင်ကတော့ အခုချိန်ထိ ဖုန်းလဲအဆက်အသွယ်မရတော့သလို ကျောင်းကိုပင်မလာတော့။ ဘာတွေဖြစ်နေလဲဆိုတာသိရအောင် Chen hyung တို့ Sehun hyung တို့ကိုမေးဖို့ အမြဲစောင့်ကြည့်နေလဲ သူတို့က ဘယ်အချိန်ဘယ်လိုများ အထဲဝင်သွားသည်မသိ။ အရိပ်ယောင်လေးပင်မမြင်ရ။ ဒီနေ့တော့ မဖြစ်ဖြစ်တဲ့နည်းတဲ့ အမိဖမ်းကာ မောင့်
အခြေနေဘယ်လို ဖြစ်နေပြီလဲဆိုတာ မေးမှဖြစ်တော့မည်။ မနက်ဖြန်ဆို ကျောင်းပိတ်ရက်မို့ ဒီ
ကြားထဲ အလကားနေရင်း အချိန်ဆွဲလို့မဖြစ်တော့။ Kyungsoo အရင်နေ့ကလို အဆောင်ရှေ့တည့်တည့်ကနေရပ်စောင့်မနေတော့ပဲ အကွယ်တစ်နေရာကနေ စောင့်ကြည့်နေလိုက်သည်။

" ဒီနေ့တော့ Kyungsoo ကိုမတွေ့တော့ဘူးနော် ။ "

ဟိုကြည့်ဒီကြည့်နဲ့လာနေကြတဲ့ Sehun နဲ့ Chen။ Sehun က Chen ရဲ့စကားကို ခေါင်းငြိမ့်ပြပြီး အကြည့်တို့ကတော့ ပတ်ဝန်းကျင်ကို အနှံ့အစပ်လိုက်ကြည့်နေသည်။

" အတန်းထဲမြန်မြန်ဝင်မယ်။ မဟုတ်ရင် သူရောက်လာပြီး ငါတို့ကိုတွေ့သွားရင်.."

" Hyung တို့ ~~ "

Chen ရဲ့လက်ကိုဆွဲကာ အတန်းထဲဝင်တော့မဲ့ Sehun က သူ့ရှေ့တည့်တည့်မှ Kyungsoo ကိုမြင်လိုက်ရတဲ့အခါ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဆတ်ခနဲခြေလှမ်းတွေက တုံ့ဆိုင်းသွားသည်။

" Kyung....Kyungsoo ပါလား ?  ဟဲဟဲ "

မရယ်ချင်ပဲရယ်ပြနေတဲ့ Chen ရဲ့မျက်နှာက လုပ်ပြုံးကြီးမို့ ကြည့်ရတာက အဆင်မပြေပါ။

" ကျနော့ကိုဘာလို့ရှောင်နေကြတာလဲ။ "

"ဟမ်! ရှောင်တယ် ? hyung တို့က...ဘာ...ဘာလို့ရှောင်ရမှာလဲကွ။ ဟုတ်တယ်မလား Chen "

"အေး..အေးလေ။ ရှောင်စရာဘာအကြောင်းရှိလို့လဲ။ "

"ဒါဆိုလဲ ကျနော်နဲ့ကန်တင်းခဏလိုက်ခဲ့ပေးပါ။ ကျနော် Chanyeol hyung နဲ့ပတ်သက်ပြီး စိုးရိမ်လွန်းလို့ သေတော့မယ်။ အဆက်အသွယ်လဲမရတော့လို့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။
Hyung တို့ကတော့ ဘာပဲဖြစ်ဖြစ်ကျနော့ထက် ပိုသိကြမှာအမှန်ပဲလေ။ အဲ့တာကြောင့် ကျနော့ကိုကျေးဇူးပြုပြီး ပြောပြပေးကြပါနော်။ တောင်းဆိုတာပါ hyung တို့ရယ်။ "

မောင့်​မူပိုင် (Completed)Where stories live. Discover now