မောင့်မူပိုင် 20(ZawGyi&Unicode)

1.3K 161 62
                                    


ညမီးရောင်တလက်လက်နဲ့ခြံဝင်းထဲက Dinner ပွဲတစ်ခု။ စီးပွားရေးအသိုင်းဝိုင်းထဲကမို့ ဒီညလူတော်တော်ရှုပ်သည်။ မနက်မှာတော့ မင်္ဂလာပွဲကို ဘုရားကျောင်းတစ်ခုမှာ အဓိကလူတွေလောက်နဲ့သာလုပ်ခဲ့ပြီး ညကျမှ အကြီးအကျယ်လုပ်ချင်တယ်ဆိုတဲ့ သူမကြောင့် ဒီညကိုအထူးပြင်ဆင်ခဲ့ရသည်။

သူမမှာ ပခုံးတင်ဆံပင်အဝါရောင်လေးရှိတယ်။
ပြီးတော့အနီရောင်ဂါဝန်အကျပ်လေးကို စမတ်ကျစွာဝတ်ထားပေမဲ့ သူမရဲ့မျက်ဆန်ပြာပြာတွေနဲ့ ထင်ပေါ်တဲ့နှာတံတွေက Sexy ကျသွားဟန်ရှိနေတယ်။ သူမနာမည်က အန်နာ။

အပေါ်ပိုင်းဗလာဖြစ်နေတဲ့ အင်္ကျီက မို့မောက်နေတဲ့ရင်သားတွေကို အထင်အရှားဖြစ်စေတာမို့ အိမ်ထဲကမထွက်ခင် ကျနော်သူမအား သတိပေးခဲ့သေးတယ်။ ကိုရီးယားမှာသာအနေများခဲ့တဲ့ကျနော်က ဒီလိုကိုယ့်ဇနီးလောင်းရဲ့ပုံစံမျိုးကို တစ်ခြားယောက်ျားသားတွေရှေ့တော့ ပွဲမထုတ်ချင်ပါ။ သို့ပေမဲ့ ဒီကဓလေ့အရ ဒါဟာအထူးအဆန်းမှမဟုတ်ပဲလေ။

" ဟန်နီကတော့လေ~~"

သူ့ပခုံးပေါ်ကို ကျနော့ကုတ်လေး လွှမ်းခြုံပေးလိုက်တော့ သူမကခပ်ဖွဖွရယ်သံနဲ့ ကျနော့အား
ကြည့်လာသည်။

" အန်နာချမ်းနေမှာစိုးလို့ပါ။ "

"ဒီလိုပုံကြီးနဲ့ စမတ်ကျမယ်ထင်လို့လား ? အန်နာ့ပုံစံကိုလဲ ကြည့်ပေးပါအုံး။ သူငယ်ချင်းတွေတွေ့ရင် အလှောင်ခံနေရတော့မယ်။ "

"ကိုယ့်မျက်လုံးထဲတော့ ဒါကပိုကြည့်ကောင်းတယ်။ "

ဒီတော့ သူမက ကလေးတစ်ယောက်လိုရယ်ချလာရင်း ကျနော့နှုတ်ခမ်းကို ဖျတ်ခနဲနမ်းတယ်။

"ဟန်နီ့ရဲ့အချစ်ခံလေးဖြစ်ရလို့ ပျော်လိုက်တာ။
တကယ်တော့သိလား ? သူငယ်ချင်းတွေက အန်နာ့ကို ဒီလိုမြင်ရင် နင့်ယောက်ျားကအူတိုလိုက်တာဆိုပြီးပဲ အားကျကြမှာ။ "

" ဟေး....Kai !!! "

ပခုံးကိုပုတ်လာတဲ့ လက်တစ်စုံကြောင့် ကျနော်နောက်ပြန်လှည့်ကြည့်လိုက်တော့ Kris hyung။

" ရောက်လာပြီလား Hyung။ "

"ဟုတ်တယ် အခုပဲ။ ဟိုင်း အန်နာ "

မောင့်​မူပိုင် (Completed)Where stories live. Discover now