မောင့်မူပိုင် 30(ZawGyi&Unicode)

1K 177 169
                                    


"လုမှာ ရင်သွေးလေးရှိနေပြီ။ "

အပြုံးတွေနဲ့လုရဲ့မျက်လုံးက မျှော်လင့်ခြင်းတွေအများကြီးထည့်ကာ သူ့ကိုမော့ကြည့်ထားသည်။ အရည်လဲ့နေတဲ့ မျက်ဝန်းအိမ်က ပုံမှန်တွေးကြည့်ရင်တော့ သူမဟာဝမ်းသာပီတိတွေနဲ့ မျက်ရည်ကျတော့မည်လို့ သတ်မှတ်ရမည်လား။ Chanyeol သူမလက်ကိုဆုပ်ကိုင်ထားရာက လွှတ်ချကာ ချက်ချင်းထရပ်လိုက်သည်။

"ဘာပြောလိုက်တယ် ! "

"မောင်လဲ မယုံနိုင်ဘူးမလား။ ကြားကြားချင်း လုလဲဘယ်လိုပြောရမှန်းမသိဘူး ဖြစ်သွားတယ် မောင်ရဲ့။ နောက်ဆုံးတော့ လုတို့ ကလေးလေးရခဲ့ပြီ။"

ဒီလိုစကားမျိုးတွေကို မျက်နှာပြောင်တိုက်ကာ  ပြောထွက်နေတဲ့သူမကို Chanyeol ကတော့ အံ့သြစွာနဲ့ ပြစ်ပြစ်ခါခါကြည့်နေမိသည်။ တကယ်ကို ပျော်ရွှင်နေဟန်ရှိတဲ့ လုရဲ့မျက်နှာထားက သူ့စိတ်ထဲတော့ သိပ်ကြောက်ဖို့ကောင်းလာတယ်။

"မဖြစ်နိုင်တာတွေ မပြောနဲ့လု။ မင်းလျှောက်ပြောနေတာမလား။"

"မောင် ဘာဖြစ်နေတာလဲ။ အခုချိန် မောင်က ဒီလိုဖြစ်နေရမှာ မဟုတ်ဘူးလေ။ "

"ငါမေးတာ သေချာဖြေစမ်းပါ!!! မင်း မဟုတ်တာတွေလျှောက်ပြောနေတာမလား!!! "

ခုတင်ပေါ်လှဲနေတဲ့သူမဆီ ခေါင်းငုံ့ချရင်း အံကြိတ်မေးမိတော့ မျက်ရည်တွေသာစီးကျလာခဲ့တယ်။ ပြီးတော့ သူ့ကော်လံစကို အားလျော့စွာဆွဲကိုင်ပြီး သူမကအပြစ်တင်တော့သည်။

"မောင် လူစိတ်ရောရှိသေးရဲ့လား!!! အခုပြောနေတာတွေက ဘယ်လိုအဓိပ္ပါယ်တွေအထိ ရောက်သွားတယ်ဆိုတာ မောင်သိလား ? ဘာလဲ...ဒီကလေးကို မောင်မနှစ်သက်ဘူးလား ? "

"တော်စမ်း လု !!! မင်းနဲ့ငါ ဘယ်အထိပတ်သက်ခဲ့ဖူးလို့ ဒီကလေးက ရောက်လာရတာလဲ!!! အဲ့ဒီကိစ္စအရင်ရှင်းစမ်းပါ!!! "

ကော်လံစကိုဆွဲကိုင်ထားတဲ့ သူမရဲ့လက်ကိုဖြုတ်ချပြစ်ရင်း စိတ်တိုတိုနဲ့ပူအိုက်လာတဲ့ခံစားမှုကြောင့် အင်္ကျီကြယ်သီးနှစ်လုံးအထိဖွင့်ဟလိုက်ရသည်။ ထို့နောက် နဖူးပေါ်ကျလာတဲ့ ဆံပင်တွေကိုပါ ခပ်နာနာပင့်တင်ရင်း တစ်ဖန်ငုံ့ကြည့်လိုက်တော့ အသံမထွက်လာတဲ့လုက မျက်ရည်တွေသာ တလိမ့်လိမ့်စီးကျနေတယ်။

မောင့်​မူပိုင် (Completed)Where stories live. Discover now