မောင့်မူပိုင် 14(ZawGyi&Unicode)

1.9K 211 118
                                    


အချစ်က အရာရာကိုပြောင်းလဲစေတယ်ဆိုတာထက် အဲ့ဒီအချစ်ကိုယူဆောင်လာပေးတဲ့သူကသာ အချစ်ဆိုတဲ့အရာကို ပြောင်းလဲလှပတယ်ခဲ့တယ်ဆိုရင်ရော.....

တကယ်တော့ အချစ်ဆိုတဲ့အရာကလေ သူ့ဟာသူရှင်သန်နေရင် သာမန်လေးပါပဲ။ လူတစ်ဦးတစ်ယောက်နဲ့ တစ်ယောက်ကြား သူကဖြေးဖြေးလေး တိုးဝေ့နေရင်ပေါ့။

တစ်ဖက်လူကသာ သူ့ကိုတိုးဆွရင်း မြှောက်ပင့်လိုက်မှသာ သူကမာန်တွေတက်ပြီး လူတွေကြား ခံစားမှုတွေထုတ်ပြရင်း သာယာမှု၊ကြည်နူးမှုနဲ့နာကျင်မှုတွေဖြည့်စွက်ပေးတော့တာ။

အခု Kyungsoo ယူလာပေးတဲ့ အချစ်လေးကလဲ ဒီလိုပဲပေါ့။ အခုထိတော့ သဝန်တိုမှုတွေနဲ့ပျော်စရာကောင်းနေပြီး....ဟူး...သူယောက်ျားတန်မဲ့ ဒီလောက်နုဖတ်နေစရာမလိုဘူး။

ကမ်းခြေဖက်သွားမဲ့ပုံစံလေးက ကလေးဆန်လွန်းနေတယ်။ ရှော့ပင်အနက်ပွပွလေးနဲ့ ပေါင်လယ်နားရောက်နေတဲ့အဖြူရောင်ရှပ်အင်္ကျီ၊ ဦးထုပ်အနက်ဝိုင်းလေးဆောင်းကာ ခရီးဆောင်အိတ်ကြီးဆွဲရင်း ထွက်လာတဲ့ kyungsoo ကို သူကားကိုကျောမှီရပ်ရင်း မျက်နှာရှုံ့ကြည့်နေမိသည်။

" ပစ္စည်းလဲ ဒီလောက်မပါပဲ လေးလိုက်တာ။ "

ဘေးနားရောက်လာတဲ့ Kyungsoo က အိတ်ကိုချရင်း ဦးထုပ်အဝိုင်းလေးကိုချွတ်ကာ ယပ်ခပ်နေလာလို့ ပခုံးကနေဆွဲဖက်ကာ သူ့ဘေးနားမှီရပ်စေလိုက်သည်။

" ဘာလုပ်တာလဲ မေမေတို့မြင်သွားမှ "

စိုးရိမ်မျက်ဝန်းလေးနဲ့ လှမ်းကြည့်ရင်း ဘေးဆုတ်သွားတဲ့ သူ့ကို မောင်ကခေါင်းခါရယ်ရင်း လက်ပိုက်ကာ ကားကိုသာပြန်မှီချလိုက်သည်။

" မောင့်ကိုမှီခိုင်းတာမဟုတ်ဘူးလေကွာ။ ကားကိုမှီခိုင်းတာ။ "

လေသံတိုးတိုးနဲ့ သူ့ခါးလေးကို တံတောင်နဲ့တွန်းထိုးကာ ပါးစပ်ပိတ်ရယ်နေတဲ့မောင်။
တော်တော်ပျော်နေတယ် ထင်တယ်။

ခရီးက တစ်ညအိပ်နှစ်ရက်ခရီးတိုလေး။ ဒါပြီးရင် မေမေက ပြန်တော့မှာ။ အဓိကက မေမေမပြန်ခင် အန်တီက အပျော်ခရီးတိုလေးလိုက်ပို့ခြင်းပေမဲ့ မောင်ကတော့ ပိုပျော်နေပုံပဲ။

မောင့်​မူပိုင် (Completed)Where stories live. Discover now