ပထမဆုံးကျောင်းတက်ရမဲ့နေ့မို့ ပဲလား။ နှစ်နှစ်ဆက်တိုက် The whole king ရထားသူမို့ပဲလား။ ဒါမှမဟုတ် နေ့တိုင်းဒီလို ဝတ်နေကျပဲမို့လား။ Hyung ပုံကိုကြည့်ရတာ ပွဲတစ်ခုခုတက်တော့မည့် မင်းသားတစ်ယောက်လိုပဲ။ရှပ်အဖြူလက်ရှည်ပေါ်မှာမှ ကုတ်အနက်ကို တံထောင်ဆစ်အထိ ခေါက်ဝတ်ထားသည်။
Normal မကျပေမဲ့ သိပ်ကြည့်ကောင်းလွန်းသည်။စတိုင်လ်ပင်အနက်ကို ရှူးအဖြူနဲ့တွဲထားကာ ဘေးလွယ်အိတ်အနက်ကိုလွယ်ရင်းအပေါ်ထပ်ကနေ ဆင်းလာသည့် hyung ကို ကျောက်ရုပ်တစ်ရုပ်လို ကျနော် ငေးကြည့်နေမိတော့သည်။ ခြေလှမ်း လှမ်းလိုက်တိုင်း လေထဲတစ်ချက်တစ်ချက်လွှင့်သွားသော ဆံနွယ်တို့က ပြေပြစ်သော နဖူးပေါ် ဝဲခနဲ။"အခုထိ ကားထဲမဝင်သေးဘဲ ဘာရပ်လုပ်နေတာလဲ။"
"ဟင်..."
ငေးကြည့်မိနေတုန်း အနားရောက်လာတဲ့ hyung က အသိစိတ်လွှတ်နေသလို သူ့အား မေးလာသည့် မေးခွန်းကို အမှန်တိုင်းပြောရင် တကယ်မကြားလိုက်ပါ။
"ကျစ်...ဒီနားကန်းနဲ့တော့။ ဘာမှမဟုတ်ဘူး ကားပေါ်တက်တော့။"
မျက်ထောင့်ကြီးနဲ့ကြည့်ကာ အိမ်ထဲကထွက်သွားသော hyung ။ တစ်နေ့တစ်နေ့ သိလာရတာ hyung က ထင်ထာထက် အရမ်းစိတ်ကြီးတယ်ဆိုတာပဲ။
ကျောပိုးအိတ်လေးကို လက်နှစ်ဖက်နဲ့ကိုင်ကာ ကုတ်ကုတ်နဲ့လိုက်သွားရင်း ကားထဲဝင်ထိုင်လိုက်တော့လဲ သူ့အားအစေ့အစပ်ကြည့်ကာ ခေါင်းတခါခါနဲ့ မဲ့ရွဲ့နေသေးသည်။
"ဟဲ့ဟဲ့...သွားကြတော့မလို့လား။မေမေကိုတောင် မပြောဘဲနဲ့။"
အိမ်ထဲကအပြေးအလွှားထွက်လာသော suho က ကားနားရပ်လာကာ ကားတံခါးအားခေါက်လာသည်။
"မေမေကလဲ ကျနော်က ကလေးလား။ uni တက်နေတာ အခုဆို Third year ရောက်နေပြီကို။"
"သားက ကလေးမဟုတ်မှန်းမေမေသိပါတယ်။ အခုက ကလေးကိုသေချာဂရုစိုက်ဖို့ သားကိုမှာမလို့။ Kyungsoo လေးကို သူ့အဆောင်ရှေ့ထိ သေချာပို့ပေးလိုက်နော်။ နို့မို့ဆို အူကြောင်ကြောင်ဖြစ်နေလိမ့်မယ်။"
"ကဲမေမေ...ဒါပဲမို့လား။ နောက်ကျတော့မယ်။"
"နေအုံး။ နေ့လည်စာစားချိန်လဲ သွားခေါ်နော်။
ကလေးက ဘာမှသိသေးတာမဟုတ်ဘူး။"
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020