မောင့်မူပိုင် 29(ZawGyi&Unicode)

1K 149 196
                                    

"မောင် ဒီနေ့ရော အိမ်ပြန်နောက်ကျအုံးမှာလား။ "

ကားပေါ်တက်ခါနီး လိုက်ပြောလာတဲ့ လုရဲ့စကားက အရင်လိုပူပန်ခြင်းမရှိ။ အေးစက်စက်နဲ့ သူမအတွက် အသားကျနေသလိုပုံစံမျိုးပေါ်နေသည်။ ဒီအတောအတွင်း  သိသိသာခြေလှမ်းပျက်လာတဲ့သူ့ကို လုက သံသယစဝင်နေပြီ။ အမြဲလိုလို အိမ်ပြန်နောက်ကျရင်း အပြင်မှာအကြောင်းမရှိအကြောင်းရှာကာ အိပ်တတ်သည်မို့ Kris ကလဲ တစ်ခါတစ်ခါ တိုက်ရိုက်မဟုတ်သော စကားတွေနဲ့ သူ့မညီဘက်ကပြောပေးလာသည့် စကားတွေရှိလာတယ်။ Chanyeol ကားတံခါးကို ဆွဲပိတ်ရင်း သူမကိုကြည့်လိုက်သည်။

"နောက်ကျရင်လဲ နည်းနည်းပေါ့။ အပြင်မှာအိပ်ဖြစ်ရင်တော့ မောင် ဖုန်းပြန်ဆက်မယ်လေ။ "

"လု ဒီကုမ္ပဏီကို ဦးစီးတုန်းကတော့လေ။ အခုလို အပြင်မှာအိပ်ရလောက်သည်အထိ ဘယ်တုန်းကမှမရှိခဲ့ဘူး။ မောင်လဲ အရင်တုန်းကအဲ့လိုမရှိခဲ့ပါဘူး။ အခုနောက်ပိုင်းမှ အလုပ်တွေက အရမ်းကိုကြပ်လာလို့လား။ "

ရွဲ့စောင်းသံပါနေတဲ့ လုက မျက်နှာထားကတော့ ချိုပြုံးနေလေရဲ့။ အိမ်ပေါက်ဝမှာ တံခါးကိုကျောမှီကာ လက်ပိုက်ထားတဲ့ပုံစံကလဲ မခန့်လေးစားဟန်တွေနဲ့ ကြည့်နေရတဲ့ သူ့မျက်လုံးထဲ စိတ်ပျက်ဖို့ကောင်းနေသည်။

"နောက်နှစ်ရက်နေရင် မောင်တို့ ခရီးထွက်ကြမှာမဟုတ်လား။ အခုအလုပ်တွေ အပြီးဖျက်ခဲ့ရမယ်လေ။ တစ်ခြားလူနဲ့လွှဲလို့ရတိုင်း အပြီးစလွယ်လွှဲထားရအောင် ထင်သလောက် မလွယ်ကူဘူး ။ စိတ်တိုင်းမကျရင် ဒီကုမ္ပဏီကို လုပဲ ပြန်ဦးစီးလိုက်ပါလား။ "

အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားတဲ့ကားကို ကြည့်ရင်း သူမကြိတ်မနိုင်ခဲမရနဲ့ ကျန်ထားခဲ့ရသည်။ သိပ်ကို အတင့်ရဲလွန်းလာတဲ့ Chanyeol က အခုဆို ဘာကိုမှဂရုမစိုက်တော့သလိုကို ဖြစ်ဖြစ်လာတယ်။

ပြစ်ချထားမယ်ဆိုရင်တောင် ဘေးနားအရင်လိုရှိနေပေးပြီး သူမကိုမရှိသလိုဆက်ဆံလိုက်တာကမှ သက်သာအုံးမယ်ထင်သည်။ အခုတော့ သူစိမ်းတစ်ယောက်လို ဖြစ်သွားတဲ့ Chanyeol က သူမယောကျ်ားလို့တောင် သတ်မှတ်စရာမရှိတော့ဘူး။ အချိန်တန်ရင်အလုပ်သွားတတ်ပေမဲ့...အချိန်တန်ရင်တော့ အိမ်ပြန်မလာတတ်တဲ့ လမ်းပျောက်နေသူလိုပဲ။

မောင့်​မူပိုင် (Completed)Where stories live. Discover now