မောင့်​မူပိုင်​ 6(ZawGyi & Unicode)

2.4K 258 36
                                    


အတန်းထဲ မျက်​​မှောင်​ကြီးကုတ်​ပြီးထိုင်​​နေတဲ့ Chanyeol။ ​အတန်းမပြီးခင်​ထဲက လက်​ထဲကဖုန်းကို စိုက်​ကြည့်​​နေတဲ့အကြည့်​ အခုထိပဲ။

"အဲ့​လောက်​ကြည့်​​ကောင်း​နေလား"

ဘေးက စိတ်​ပျက်​တဲ့အသံနဲ့ Sehunရဲ့ ခပ်​တိုးတိုးအသံကို သူဂရုမစိုက်​။ နံပါတ်​တစ်​ခုကိုသာကြည့်​ရင်း ဘာပို့ရင်​​ကောင်းမလဲ အသည်းအသန်​စဉ်းစားခန်းထုတ်​​နေသည်​။

Sehun အသံက တစ်​ခါတစ်​​လေ ဘာ​ပြောသွားမှန်းမသိ​အောင်​ တိုးလွန်းလို့ တစ်​ခါတစ်​​လေ သူရှင်းပြတာ​တွေ နား​ထောင်​ရရင်​ အိပ်​ငိုက်​​ပေါက်​ပဲ။

"Park Chanyeol တို့ အခုတ​လော အဆံ​ချောင်​​နေတယ်​ကွ Sehun။ သွားမ​ပြောနဲ့။ ဟို​နေ့က​တောင်​ မင်းဦးထုပ်​အဆစ်​ပါသွားတာ မမှတ်​​သေးဘူးလား။"

ဒီတစ်​ခါ​တော့ စူးစူးဝါးဝါးအသံကြီး​ကြောင့်​ Chanyeol မျက်​​စောင်းနဲ့ Chen ကိုလှည့်​ကြည့်​လာသည်​။

ပါးစပ်​မှာ ​လော်​စပီကာတပ်​ထားတဲ့​ကောင်​။ တိုးတိုးတိတ်​တိတ်​​စကားများ​ပြောရရင်​ ဒီ​ကောင်​နဲ့​တော့ ကွက်​တိ။

"ဦးထုပ်​​လေးတစ်​လုံးနဲ့ အပို​တွေ​ပြောပြန်​ပြီ။
ပိုင်​ရှင်​က​တောင်​ ဘာမှမ​ပြောတာကို။"

"Kyungsoo အတွက်ဖြစ်​ခဲ့လို့ ဘာမှမ​ပြောတာ"

အေးစက်​စက်​ထွက်​လာ​သော Sehun ရဲ့အသံ။
Chen ကိုမဲ​နေရာက သူ Sehun ဘက်​မျက်​လုံး
ပြူးကြီးနဲ့ လှည့်​သွားပြန်​သည်​။

"ဘာ ? မင်းဘာစကား​ပြောတာလဲ"

"မကြားလိုက်​ဘူးလား။ Kyungsoo အတွက်​​ဖြစ်​ခဲ့လို့​လေ။"

"​တောက်​!!!!"

တောက်​​ခေါက်​သံနဲ့အတူ ဝုန်းခနဲထလိုက်​တဲ့
သူ့​ကြောင့်​ အတန်းထဲတစ်​​ယောက်​စနှစ်​​ယောက်​စ ကြည့်​လာ​တော့သည်​။
တစ်​ခါတစ်​​လေ Sehun ရဲ့မထိတထိ စကား​ပြောပုံ​တွေကို သူသိပ်​စိတ်​ပျက်​တယ်​။

"မင်း ငါ့ကိုဟိုမ​ရောက်​ဒီမ​ရောက်​ အဓိပ္ပါယ်​​တွေ လာမ​ပြောနဲ့ Sehun။"

မောင့်​မူပိုင် (Completed)Where stories live. Discover now