ဒီနေ့လည်း ခုနစ်နာရီထိုးသည်အထိ အိမ်ပြန်မလာသေးသည့် Chanyeol ကြောင့် ဖြစ်နိုင်ရင် သူမ ထိုအိမ်သို့သာလိုက်သွားချင်တော့သည်။
မနေ့ကလေးတင် Kyungsoo နဲ့အချေအတင်စကားပြောခဲ့သေးသည်မို့ စိုးရိမ်မှုကပိုများသည်။ မတော်လို့များ ဒီအကြောင်းတွေကို ကလိမ်ကကျစ်နဲ့ Kyungsoo သာ အပိုတွေလုပ်ပြီး ပြောပြလိုက်မည်ဆိုပါက အစကတည်းကသူမဘက်ရှိမနေသော ယောကျ်ားသည် တစ်ဖက်လူနောက် ကောက်ကောက်ပါသွားတော့မည်မဟုတ်လား။ အတွေးတွေက ဂယောက်ဂယက်နဲ့ နောက်ဆုံး Kris ဆီဖုန်းဆက်ဖို့သာ စိတ်ကူးကပေါ်လာသည်။*ကိုကို ညီမလေးကို ကူညီပါအုံး။ *
*ဘာဖြစ်လို့လဲ။ အသံတွေကတုန်နေတယ်။
Chanyeol နဲ့ပြဿနာဖြစ်ကြပြန်ပြီလား။ *မျက်ရည်မကျရသေးတဲ့သူမက တစ်ဖက်ကအကိုရဲ့ စိုးရိမ်တကြီးမေးမြန်းမှုမှာ ကလေးလိုငိုမိသွားသည်။ စဥ်းစားကြည့်ရင် သူမဘက်က အရှုံးဖြစ်တော့မည့် အခြေနေတွေက အထင်အရှားဖြစ်နေခဲ့ပြီလေ။ ဘယ်လိုပဲနောက်ဆုတ်ခိုင်း နောက်ဆုတ်ခိုင်း လက်လျော့သွားမည့်ပုံမပေါ်တဲ့ Kyungsoo နဲ့ တဇွတ်ထိုးလုပ်မည့် သူမရဲ့ယောကျ်ား။
*မောင်က အခုထိအိမ်ပြန်မလာသေးဘူး။ Kyungsoo က လုနဲ့တွေ့တဲ့အကြောင်းတွေ ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်။ အဲ့တာဆိုရင်တော့ ဘယ်လိုလုပ်မလဲ။ မောင်က တစ်ခါတည်းပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲကိုကိုရဲ့။ *
*စိတ်အေးအေးထားပါအုံး လုရယ်။ Chanyeol က အခုတလော အိမ်ပြန်နောက်ကျပေမဲ့ အိမ်မှာတော့ လာအိပ်တယ်မလား။ ဒီနေ့လည်း အဲ့ဒီလိုပဲဖြစ်မှာပါ။ *
*ဒါပေမဲ့လဲ စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်။ လု သူတို့နှစ်ယောက်ကို ဒီအတိုင်းအချိန်ဆွဲပြီး ကြည့်မနေချင်တော့ဘူး။ အမြန်ဆုံးဖော်ထုတ်ပြီး ခွဲမှဖြစ်မယ်။ မဟုတ်ရင် အခုအခြေနေက လုတစ်ယောက်ထဲ ကျန်ထားခဲ့တော့မဲ့အခြေနေဖြစ်နေပြီ။ *
*အန်တီကရော ဘာပြောလိုက်လဲ။ Chanyeol နဲ့ Kyungsoo က တကယ်ပဲအရင်ထဲက ပတ်သတ်မှုရှိနေခဲ့တာတဲ့လား။ *
Kris ရဲ့အမေးမှာ မနက်ကတင် ပြောပြခဲ့တဲ့ အမှန်တရားတွေကို ပြန်တွေးမိတော့ နာကျင်မှုက ရင်ဘတ်မှာဖြစ်ပေါ်သည်။ တစ်လျှောက်လုံး အလိမ်အညာခံပြီး ပေါင်းသင်းခံခဲ့ရတဲ့ဘဝက ဘယ်လောက်ထိ ဆိုးရွားနေလိုက်သလဲ။
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020