မောင့်မူပိုင် 17(ZawGyi&Unicode)

1.3K 168 42
                                    


" ရော့..."

အိမ်ထဲမဝင်မီ Kai hyung က သူ့ဆီပေးလာသော တစ်ရှူးစလေး။ Kyungsoo ဘာလို့လဲဟူသည့် အကြည့်လေးနဲ့ မော့ကြည့်လိုက်သည်။

" ကိုယ့်နှုတ်ခမ်းပေါက်သွားတာတောင် မသိဘူးလား ? "

ဒီတော့မှ Kyungsoo သူ့ရဲ့အောက်နှုတ်ခမ်းက ပူစပ်ပူလောင်ဖြစ်လာတဲ့ အရသာကိုခံစားမိလာသည်။ လက်နဲ့ဖျတ်ခနဲတို့ထိကြည့်လိုက်မှ သွေးကစို့နေပြီ။ သူရှက်လဲရှက် အားလဲနာနဲ့ Kai ဆီက တစ်ရှူးစလေးကိုယူပြီး ဟန်လုပ်ရယ်ကာ သုတ်လိုက်ရသည်။

" Chanyeol ကိုတော်တော် အလိုလိုက်ထားပုံပဲနော်။ Kyungsoo က "

ဒီစကားက Chanyeol ကမင်းကိုအနိုင်ကျင့်ပုံပဲဆိုတဲ့စကားကို တိုက်ရိုက်မပြောချင်လို့ လှည့်ပတ်ပြောနေမှန်း Kai ရဲ့မျက်နှာအနေအထားကို
ကြည့်ရုံနဲ့ သူသိပါသည်။ Kyungsoo ဝမ်းနည်းစွာနဲ့ ခေါင်းငြိမ့်ပြလိုက်ရသည်။ ခုဏက မောင်လုပ်သွားတဲအပြုမူကြောင့် Kai hyung ကိုရှက်သည် အားနာမိသည်ဆိုတာထက် သူကဝမ်းနည်းမိသွားတာ။ ဘယ်သူမဆို သူစိမ်းရှေ့ ကိုယ့်ချစ်သူက ကိုယ့်ကိုအရမ်းချစ်တယ်ဆိုတာမျိုးပဲ ဖြစ်ခိုင်းချင်တာပဲမဟုတ်လား။ အခုလိုအနိုင်ယူသွားတဲ့ ပုံစံမျိုးတော့ တကယ်ကိုမဖြစ်ခိုင်းစေချင်ခဲ့ဘူး။

" အထဲဝင်ရအောင်။ ဖွားကိုလဲ အကုန်ပြောထားတာမို့ စောင့်နေတယ်။ "

Kai က သူ့မျက်နှာငြိုးသွားတာကို ရိပ်မိသွားဟန်နှင့် စကားကဖြတ်ကာ အိမ်ထဲဆွဲခေါ်လာခဲ့သည်။ အထဲရောက်တော့ ပြောထားတဲ့အတိုင်း ဖွားက သူ့ကိုစောင့်နေပေးသည်။

"ကဲ Kyungsoo လေးရောက်လာပြီလား ? လာပါဦး ပင်ပန်းနေပြီထင်တယ် ။ "

အကုန်လုံးကို သိထားတယ်ပြောပေမဲ့ ဖွားက သူ့ကိုအရင်လိုပဲဆက်ဆံနေတုန်း။

"ဖွား။ သားအပေါ်မှာ Kyungsoo အတွက် အိပ်ယာသွားပြင်ပေးအုံးမယ်။ စကားပြောထားနှင့်
ကြအုံး။ Kyungsoo....hyung ကိုခဏစောင့်နော်။ "

Kai hyung အပေါ်တက်သွားသည်နှင့် ဖွားကသူ့လက်ကိုဆုတ်ကိုင်ကာ အားပေးနေတဲ့မျက်လုံးတွေနဲ့ ပြုံးပြလို့။ Kyungsoo အခုချိန်လူ
ကြီးသူမတစ်ယောက်ယောက်ရဲ့ နှစ်သိမ့်အားပေးမှုမျိုး တကယ်ကိုလိုအပ်နေခဲ့တာမို့ မျက်ရည်တွေဝဲလာခဲ့သည်။ မေမေ့ကိုလဲမြင်ယောင်ရင်း စိတ်ကမထိန်းနိုင်တော့ပဲ ဖွားရဲ့ရင်ခွင်ထဲ တိုးဝင်မိလိုက်လေသည်။ ငိုချလာသည့်သူ့ကို ဖွားကကျောကို တဖွဖွပုတ်ပေးရင်း ချော့မော့နေပေမဲ့ ငိုနေမိတုန်းပဲ။ ချစ်တယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ အရာအားလုံးကိုဂရုမစိုက်ပဲ မောင့်ကိုရွေးချယ်ခဲ့မိတာ။ တကယ်တမ်းတွေးကြည့်ရင် အခုချိန် ကမ္ဘာပေါ်မှာ သူတစ်ယောက်ထဲဖြစ်သွားသလိုပါပဲ။ မေမေကလှည့်မကြည့်တော့တဲ့အချိန် သူ့မှာမှီခိုရာ ဘာများရှိအုံးမှာတဲ့လဲ။

မောင့်​မူပိုင် (Completed)Where stories live. Discover now