" ဒါနဲ့ သမီးတို့လက်ထပ်တာတောင် ဆယ်လကျော်လာပြီမဟုတ်လား ? ""ဟုတ်တယ် မေမေ။ "
ထမင်းစားနေရင်းက လုကဦးစွာဖြေလိုက်သည်မို့ လုမေမေရဲ့အမေးကို ကျနော်ကတော့ ခေါင်းသာ
ငြိမ့်ပြလိုက်သည်။ပိတ်ရက်မို့ ယောက္ခမကြီးက အိမ်ကိုထမင်းစားရင်း အလည်လေးလာပါဦးဆိုလို့ သွားရပေမဲ့ အမှန်တိုင်းပြောရရင် ကျနော့်စိတ်ထဲ ဒီအိမ်ကိုခြေဦးတောင်မလှည့်ချင်။ ယောက္ခမတို့မည်သည် အလွန့်အလွန်ပွားပြီး အရစ်လဲရှည်တတ်ကြတာမဟုတ်လား ? ယောက္ခထီးကတော့ သိပ်မဆိုးရှာပါဘူး။ အေးအေးဆေးဆေးနေတတ်ပြီး ပြောစရာလိုအပ်လာမှသာ ထုတ်ပြောတတ်သည့်လူစားမျိုး။
" ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်တော့မှာပဲ။ သမီးလဲ ဒီအချိန်လောက်ဆို အဆင်သင့်ဖြစ်ပြီမလား ? "
"ရှင်...ဘာကိုလဲမေမေရဲ့ "
လုကတော့ ဘာကိုမှမသိသလိုပုံစံနဲ့ ပြန်မေးနေပေမဲ့ ကျနော်ကတော့ လုမေမေရဲ့စကားက ဘယ်ကိုဦးတည်နေတယ်ဆိုတာ ရိပ်မိနေပြီ။ ဒါပေမဲ့လဲ မသိသလိုပုံစံမျိုးနဲ့ ထမင်းကိုသာအေးအေးဆေးဆေးစားနေလိုက်သည်။ ကျနော့အား ဒီမေးခွန်းကိုအစပြုလာရင် ဘယ်လိုပြန်တုံ့ပြန်ရမလဲ အသေအချာစဉ်းစားရင်းပေါ့။
" သြော်...သမီးပဲ မေမေကိုပြောခဲ့ဖူးတယ်လေ။ လက်ထပ်ပြီးပြီးချင်း ကလေးမယူချင်သေးဘူးဆို။
ခဏတော့ လွတ်လွတ်လပ်လပ်နေအုံးမယ်ပြောထားပြီး။ အခု အဲ့ဒီအချိန်ကလုံလောက်ပြီမလား။
မေမေတို့လဲ မြေးလေးရချင်နေပြီ။ ဟုတ်တယ်နော် ယောက်ျား ။ "လုရဲ့ဖေဖေကိုပါ လက်နဲ့တွန်းထိုးရင်း အကူခေါ်လေတော့ လုဖေဖေက ခေါင်းသာငြိမ့်ပြလေရဲ့။ ကြည့်ရတာ ဒီကိစ္စကိုပြောရတာ လုဖေဖေက ကျနော်တို့အား အားနာနေပုံပင်။
လုကတော့ ကျနော့ကိုတစ်ချက်လှည့်ကြည့်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ထမင်းကိုထိုးမွနေတော့သည်။ ကျနော်စိတ်ရှုပ်ရှုပ်နဲ့ ဘေးကရေခွက်မော့သောက်လိုက်တော့ လုပုံစံကတုန်လှုပ်သွားသလိုနဲ့ သူ့မေမေကို ပြန်လှည့်ကြည့်သွားသည်။
YOU ARE READING
မောင့်မူပိုင် (Completed)
Fanficကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020