မောင့်မူပိုင် 23(ZawGyi&Unicode)

1K 179 114
                                    


ကားနောက်ခန်းမှာ တစ်ယောက်ထဲထိုင်လိုက်လာရတဲ့ Luhan က ဆူပုတ်ပုတ်နဲ့ အခုမှပြန်ရောက်လာတဲ့ သူ့အကိုကို စိတ်ကောက်နေသည်။

Kris နဲ့ Chanyeol ကတော့ ဟိုကအလုပ်အတွေ့အကြုံတွေနဲ့ စီးပွားရေးအခြေနေတွေပြောကာ စကားကောင်းလို့။ အနောက်ကသူမရဲ့ စိတ်ကောက်မှုကို ထပ်ပြီးဂရုမစိုက်နိုင်တော့။ ဘာလို့ဆို သူမစိတ်ကောက်လာတာက လေဆိပ်ကတည်းက။ အကြောင်းရင်းကတော့ မတွေ့လိုက်ရတဲ့ သူမအကိုရဲ့ crush ကစသည်။

ပထမဆုံးတွေ့ရမှာဆိုပြီး သူမမှာ အိမ်ကနေ ဘယ်လောက်ထိ ပြင်ဆင်ဝတ်စားခဲ့ရသလဲ။ အခုတော့ ဒီကောင်လေးက လူတောင်အတွေ့မခံပဲ အိမ်ကိုအပြေးပြန်တယ်တဲ့လား။

"အဲ့လောက်ထိ တစ်ဖက်လူကို ဂရုမထားလို့လဲ ကိုကိုက အဲ့ဒီကောင်လေးကို အခုထိမရတာနေမယ်။ "

လေဆိပ်ကတည်းကနေ အခုထိမပြီးဆုံးနိုင်သေးတဲ့ Luhan ရဲ့ မကျေနပ်မှုက ပြန်စလာသည်။ Kris က နောက်ခန်းကို လှည့်ကြည့်ရင်း မျက်ခုံပင့်ပြကာ ဟုတ်မှန်ကြောင်းထောက်ခံတော့ သူမက ဟွန့်ခနဲနှာမှုတ်လိုက်သေး။

"သူက တကယ်တော့ စိတ်ရင်းကောင်းပါတယ် ညီမလေးရဲ့။ အခုက မတွေ့ရတာကြာတဲ့ သူ့မေမေကို တွေ့ချင်နေလွန်းလို့ အရင်ထွက်သွားတာပါ။ အဲ့လိုမဟုတ်ရင် ကိုကိုက သူ့ကိုပါတစ်ခါတည်း အိမ်လိုက်ပို့ဖို့တွေးထားတာ။ "

"လုတို့ရောက်လာတာလဲ အဲ့လောက်နောက်မကျပါဘူး ကိုကိုရယ်။ ခဏလောက်တော့ စောင့်ခိုင်းထားရင်ရတာပဲ။ အခု အဲ့ဒီကောင်လေးကိုမှ အရမ်းအလျင်လိုနေတာမဟုတ်ဘူးလား။"

"မတွေ့မမြင်ရသေးတဲ့သူကို အပြစ်ပြောမနေပါနဲ့တော့ လုရယ်။ တကယ်ဆို အချိန်မှီရောက်မလာတဲ့ မောင်တို့အပြစ်ပဲမဟုတ်လား။ လုပဲ ပြင်ဆင်မဆုံးဖြစ်နေလို့ နောက်ကျပြီး မတွေ့လိုက်ရတာ။ "

ကားမောင်းနေတဲ့ Chanyeol က နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း ထပ်လောင်းဆူလာတော့ မျက်စောင်းထိုးပြရင်းသာ ငြိမ်ထားလိုက်ရသည်။ တကယ်လဲ အင်္ကျီတစ်စုံပြီးတစ်စုံလှဲကာ ကြာသွားတဲ့အချိန်တွေက သူမကြောင့်ပဲလေ။

"ကဲပါ နှစ်ယောက်သား ဘာမဟုတ်တာနဲ့ စကားများခံမနေပါနဲ့။ အချိန်မီလို့ တွေ့ရရင်တောင် တွေ့တယ်ဆိုရုံပဲတွေ့ရမှာ။ သူပြန်တာကလဲ နယ်ကိုပြန်ရတာဆိုတော့ ထွက်မဲ့ကားအမှီလိုက်ရသေးတယ်လေ။ အဲ့တော့ နောက်မှအေးအေးဆေးဆေးတွေ့တာက ပိုအဆင်ပြေတာပေါ့။ "

မောင့်​မူပိုင် (Completed)Where stories live. Discover now