မောင့်မူပိုင် 11(ZawGyi&Unicode)

2.8K 228 115
                                    


" ရော့..."

ထမင်းတွေ ဟင်းတွေပါ ပန်းကန်ထဲ ပြန်ထည့်ပေးလာတဲ့ Chanyeol ကို Kyungsoo အူလည်လည်လေးနဲ့ ပါးစပ်ထဲဇွန်းကိုက်ကာ ကြည့်နေမိသည်။

" ဘာကြောင်ကြည့်နေတာလဲ...စားလေ ။ ထမင်းစားရင် ကြောင်စာလောက်နဲ့ ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ။ "

ရှေ့မလွတ်နောက်မလွတ် Chanyeol ရဲ့စကားမှာ သူ အန်တီ suho ကို မလုံမလဲကြည့်လိုက်ရင်း...

" စား...စားပါတယ်။ ဒါပေမဲ့ ညစာက ဗိုက်ပြည့်အောင် စားလို့မကောင်းဘူးလေ။ "

" မရဘူး စားရမယ်။ "

"သြော်..သားရယ်။ Kyungsoo လေးစားနိုင်သလောက် စားပါစေ။ "

ဘေးက မေမေက မနေနိုင်တော့ ၀င်ပြောရပြီ။
သူမသားရဲ့ ဂရုစိုက်မှုကြီးကလဲ ကြမ်းတမ်းလို့ ဟိုကလေးက အလကားနေကြောက်ရတယ်။

" မေမေကလဲ...သူစားတာကြည့်လေ။ သေးသေးလေးကို။ အဲ့တာကြောင့်လဲ ခန္ဓာကိုယ်က ဒီလောက်ကနေ မတက်တာ "

"အခုမှ အကဲပိုနေပြန်ပြီကွယ်။ တည့်ချင်တော့လဲ သူ့အပြင်မရှိဘူး။ သားစားတာနဲ့တော့ သွားမနှိုင်းနဲ့လေ။ သားကသာ မတန်မဆတွေစားပြီး ထွား
ကြိုင်းဖွံ့ဖြိုးနေတာ။ မေမေ့ကိုတောင် ကိုင်ပေါက်လို့ရနေပြီ "

" ဟာ...မေမေကသာ အဲ့လိုပြောနေတာ။ ကျောင်းမှာဆို သားကိုကြွေတဲ့ ကောင်မလေးတွေမှ တစ်ပုံကြီး သိလား ?
စိတ်ပျက်တယ်...ထမင်းလေး ပိုစားခိုင်းမိတာနဲ့ မဆီမဆိုင်တာတွေ ထည့်ပြောတော့တာပဲ။ "

Chanyeol စားလက်စ ထမင်းပန်းကန်ကို ပစ်ချ
ပြီး အပေါ်ကို ခြေသံကြမ်းကြမ်းနဲ့ တက်သွားတော့သည်။ မမေ့မလျော့ မျက်ထောင့်နီကြီးကတော့ Kyungsoo အား လက်ဆောင်ပေးခဲ့လိုက်သေးသည်။

ဘာမှန်းမသိဘဲ Kyungsoo ဘက်က လိုက်ပြောပေးနေတဲ့ မေမေကို သူ့ကိုသားပိုင်နေပြီလို့ ပြောလိုက်ချင်တာမှ အရမ်းပဲ။
ကိုယ့်ကောင်လေး ကိုယ်ဂရုစိုက်တာတောင်မှ
ကြားလူက ကန့်လန့်ကန့်လန့်နဲ့ရှိသေး။ အဲ့လိုဖြစ်တာ ဟိုကောင်ကြောင့်။ သူသာ အေးအေးဆေးဆေး စားလိုက်ရင် ဘယ်သူမှ သူ့ဘက်က ကာကွယ်ပြောပေးမနေဘူး။
.
.
.
.
.
.
အောက်ထပ်က ထမင်းဝိုင်းမှာတော့ Kyungsoo နဲ့ Suho အင်တင်တင်နဲ့ ကျန်ခဲ့ရသည်။

မောင့်​မူပိုင် (Completed)Where stories live. Discover now