မောင့်မူပိုင် 24(ZawGyi&Unicode)

1.1K 190 163
                                    


*တကယ်! ဘယ်တုန်းက ပြန်ရောက်လာတာလဲ။*

*မနေ့က ရုတ်တရက်ကြီး ရောက်လာတာ Su ရေ။ ငါပြောမပြတတ်အောင် ဝမ်းသာလွန်းလို့။
အခုတောင် မျက်ရည်ကကျနေပြန်ပြီ။*

*အခုလိုပြန်ရောက်လာတာ တော်သေးတာပေါ့။
နင်စိတ်အေးသွားရပြီ။ ဒီဘက်ကိုလည်း စိတ်မပူခဲ့နဲ့နော်။ သားလည်း သူ့အိမ်ထောင်နဲ့သူအဆင်ပြေနေပြီမို့ အခုချိန်သူတို့ဘာစိတ်မှလည်းရှိတော့မှာမဟုတ်ဘူး။ Kyungsoo လေးလည်းအခုလောက်ဆို တကယ့်လက်တွေ့ဘဝအကြောင်း နားလည်လောက်ပါပြီ။ *

ထမင်းစားခန်းအဝင်ဝမှာ Chanyeol အိမ်ကယူလာတဲ့ ဟင်းဗူးကိုကိုင်ထားလျက် ခပ်မဲ့မဲ့ပြုံးလိုက်သည်။ ရောက်နေတာ သေချာသွားပြီပေါ့။

လုတို့အိမ်က မကြာသေးခင်က ပို့ထားတဲ့အရံဟင်းတွေကို လာပေးသည့်အနေနဲ့ Kyungsoo ရဲ့အိမ်လိပ်စာကို ဝေ့လည်ချောင်ပတ်လုပ်ပြီးမေးဖို့ လာခဲ့ရတာက မှန်သွားသည်။ အခု လှုပ်ရှားစရာမလိုပဲ အခွင့်အရေးက သူ့ကိုလွယ်လွယ်လေး ပေးလိုက်တာပဲ။ ပြန်ရောက်နေတာသိမှတော့ လိုက်ရှာစရာမလိုတော့ဘူးပေါ့။ သေချာပေါက် သူတို့တွေ့လာရမှာပဲ။

လက်ထဲက ဟင်းဗူးတွေကိုမြှောက်ကြည့်လိုက်ရင်း
ကျေနပ်မှုက အတိုင်းအဆမရှိ။ မကြာခင်မှာ မောင့်ဆီပြန်ရောက်လာဖို့ အသင့်ပြင်ထားလိုက် ဘေဘီ။

မေမေကတော့ ထမင်းဟင်းပြင်ဆင်ရင်း ဖုန်းပြောနေသည်မို့ သူရောက်နေတာကို အခုထိသတိပြုမိသေးဟန်မပေါ်။ တံခါးရွက်ကို လက်နဲ့ခေါက်ကာ ဝင်လာတော့မှ ကပျာကယာဖုန်းချလိုက်တဲ့ မေမေက မျက်လုံးပြူးကြီးနဲ့ သူ့ကိုကြည့်လာသည်။

"ဘယ်သူနဲ့ပြောနေတာလဲ မေမေ။ "

"ဒီလိုပါပဲ။ အလုပ်က ဝန်ထမ်းမလေးကို မှာစရာရှိတာမှာနေတာ။ "

"ဒီမှာ မေမေ့အတွက်ယူလာတယ်။ ဟိုနေ့ကပဲ လုတို့အိမ်က ပို့လိုက်တဲ့ဟင်းတွေ။ အများကြီးမို့ မေမေ့ကိုသတိရပြီးလာပို့တာ။ "

စားပွဲပေါ်တင်ပေးလိုက်တဲ့ ဟင်းဗူးတွေက မေမေက သိမ်းယူလိုက်ရင်း တစ်ခုခုကိုသတိရသွားဟန်နဲ့။

မောင့်​မူပိုင် (Completed)Where stories live. Discover now