ညဆယ့်တစ်နာရီကျော်သွားတော့ ခုတင်ပေါ်ကွေးကွေးလေးတုံးလုံးလှဲကာ သူ့ကိုစောင့်နေတဲ့ လုက အိပ်မောကျသွားပြီ။ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ကိုအကြောင်းပြကာ သူမ မအိပ်အိပ်အောင် စောင့်လိုက်ရတာက ခါးတွေပင်အောင့်သွားသည်အထိ။ဒါပေမဲ့လဲ တန်ပါသည်။ သေချာအောင် ပခုံးလေးကို လက်နဲ့တွန်းကြည့်လိုက်တော့ တုပ်တုပ်မျှပင် မတုံ့ပြန်လာတဲ့သူမ။Chanyeol အလုပ်စားပွဲပေါ်က ဖုန်းကိုအမြန်ဆွဲယူကာ ဝရံတာဘက်ထွက်ခဲ့လိုက်သည်။ နံပါတ်တစ်ခုကို နှိပ်ပြီးတော့ အလိုလိုပြုံးမိရင်း ကျေနပ်နေမိတဲ့စိတ်။ အတ္တန်ဆန်တယ်လို့ ခေါ်ရမလား။
ဒီအချိန်ဆို အိပ်နေမလား မအိပ်သေးဘူးလားဆိုပြီး ထည့်မတွေးစရာမလိုမှန်း ယုံကြည်နေမိတဲ့အတွေး။ သေချာပေါက် သူ့ဖုန်းကိုစောင့်နေမယ်ဆိုတာမျိုးပေါ့။
ဘာလို့ဆို Do Kyungsoo ဆိုတဲ့သူက ဘယ်အခြေနေမှာဖြစ်ဖြစ်သူ့စကားကို မလွန်ဆန်နိုင်ခဲ့ဘူးထင်တယ်။
*ဘာပြောမှာလဲ။ *
တစ်ဖက်က ခပ်ပြတ်ပြတ်ဆိုလာတဲ့ စကားသံမှာ သူတိုးတိုးတိတ်တိတ်အသံလေးကို တမင်တကာလုပ်ကာ ရယ်ပေးလိုက်သည်။
*တကယ်ကို ဘေဘီက မောင့်ဖုန်းကိုစောင့်နေတာပဲ။ *
*ပြောစရာရှိသာပြောပါ။ ဒါပြီးရင်တော့ Hyung ပြောထားသလိုပဲ ကတိတည်ပါစေ။ *
*အိုး...ယောက်ဖက မောင်တို့အကြောင်းသိသွားမှာကို အရမ်းစိုးရိမ်နေတာလား ? *
*Hyung ထင်ချင်သလိုထင်နိုင်တယ်။ အဓိကက ကျနော် Hyung ရဲ့ဖုန်းကို ကိုင်လိုက်ပြီးပြီ။ Hyung ဘက်ကပြောချင်တာရှိရင် မြန်မြန်ပြောပြီး အဆုံးသတ်ရအောင်။ *
သူ့စကားတွေကို စိတ်မရှည်သလို အရေးမထားသလို တုံ့ပြန်လာတဲ့ Kyungsoo ရဲ့လေသံကြောင့် Chanyeol ဝရံတာလက်ရန်းကို ဆောင့်ချပြစ်လိုက်သည်။
*ဒီမှာ ဘေဘီ !မင်း မောင့်ဒေါသကိုလာမဆွနဲ့နော်!!! အဲ့ဒီ Kris ဆိုတဲ့ကောင်က မောင်တို့အကြောင်းတွေသိသွားမှာ သေလောက်အောင် ဂရုစိုက်နေရအောင် မင်းအဲ့ကောင်အပေါ် ရိုးရောရိုးသားရဲ့လား!! ဟမ်!!! *
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020