မောင့်မူပိုင် 33(ZawGyi&Unicode)

1.1K 175 143
                                    


"မောင်က ဖောက်ပြန်နေတယ် အမေ။ "

Su က နားနေခန်းထဲကနေ ပျာယီးပျာယာအပြင်ဘက်ကိုလှမ်းကြည့်ရင်း သူမကိုတိုးတိုးတိတ်တိတ်ပြောဖို့ အချက်ပြလာသည်။
ဆိုင််ကိုအစောကြီးရောက်လာပြီး အရေးကြီးပြောစရာရှိတယ်ဆိုတဲ့ Luhan ​​ရဲ့စကားမှာ  သူမသိပ်ကြီးအရေးမစိုက်ခဲ့တာ။ အခုတော့ ဘယ်လိုမကြားဝံ့မနာသာ ကိစ္စမျိုးကြီးပါလဲ။

"မသေချာဘဲနဲ့လျှောက်မပြောရဘူးနော် Luhan။"

"ကျမလဲ ဒါမျိုးကိုပြောချင်တိုင်းပြောနေတာမှ မဟုတ်တာအမေရယ်။ အခုလို အမေ့ကိုလာတိုင်ပင်ကတည်းက မောင်ကထိန်းမရတော့အောင်ဖြစ်နေခဲ့ပြီမို့။ "

"ငါ..ငါတော့ ကိုယ့်နားကိုယ်တောင်မယုံချင်တော့ပါဘူး။ ဒီကောင်လေး Chanyeol ဘာတွေဖြစ်နေရတာလဲ။ ကိုယ့်မိန်းမကိုယ်ဝန်ရှိနေတာတောင် ဘယ်လိုအတွေးတွေနဲ့..."

နားထင်ကိုဖိချေကာ စိတ်ပင်ပန်းဟန်ရှိသွားတဲ့ Su ကိုကြည့်ရင်း သူမအနည်းငယ်တော့ ရှိုးတိုးရှန့်တန့်ဖြစ်သွားရသေးသည်။ ဒီကိုယ်ဝန်ကိစ္စနဲ့လဲ ဒုက္ခတွေ့လှပါဘိ။

"ကဲ ပြောပါအုံး။ Chanyeol ဖောက်ပြန်နေတာကို ဘယ်လိုကစရိပ်မိတာလဲ။ Luhan ကိုယ်တိုင်ကရော အတိအကျတွေ့ထားတာတွေရှိနေလား။ သူနဲ့ဖောက်ပြန်တဲ့ မိန်းကလေးကရော အသိထဲကလား။ ဒါမှမဟုတ် အပြင်ကသူစိမ်းလား။ "

"အရင်ဆုံး ကျမမေးတာကို အမေကပွင့်ပွင့်လင်းလင်းနဲ့ဖြေပေးစေချင်တယ်။ ဒါမှ ကျမပြောတာက ပိုပြီးသေချာပြီး ငြင်းမရတဲ့ကိစ္စဖြစ်မှာ။ အမေက မောင့်ရဲ့အမေပဲ။ ကျမ​မေးတဲ့မေးခွန်းတွေနဲ့ ထောက်ပြမဲ့အချက်တွေမှာ မောင်ဘယ်လိုဖြစ်နေတယ်ဆိုတာ အမေတန်းသိသွားမှာပါ။ "

အရောင်တလက်လက်ထနေတဲ့ Luhan ရဲ့မျက်လုံးတွေကိုကြည့်ရင်း Su ရဲ့လက်ဖျားတွေတောင် အလိုလိုအေးစက်လာမိတဲ့ အခြေနေ။ ဘာမှမပြောခင်ကတည်းက Luhan ရဲ့ပုံစံတွေကို ကြည့်နေရတာနဲ့တင် Chanyeol ဟာ တကယ်ကိုအပြစ်ကြီးတစ်ခုလုပ်ထားမှန်း သူမရိပ်မိလာသည်။

"အပွင့်လင်းဆုံးပဲဖြေရမှာပေါ့။ ဒီလိုကိစ္စတွေဖြစ်လာရင် Cbanyeol ရဲ့အမေဖြစ်တဲ့ငါက အဓိကဖြေရှင်းပေးရမဲ့သူပဲလေ။ "

မောင့်​မူပိုင် (Completed)Where stories live. Discover now