ကျောင်းပေါက်ဝရှေ့ထိုးရပ်လာသော ကားတစ်စီးထဲ တည်ငြိမ်အေးဆေးတဲ့အပြုံးလေးနဲ့ မိန်းကလေးတစ်ယောက်က hyung ဘေးနားအဆင်သင့်။ ကျနော်ထိုမိန်းကလေးရဲ့ အပြုံးနုနုကို အသက်မရှိစွာဘဲ ကြည့်နေမိသည်။ကားမှန်ချကာ ခနဲ့တဲ့တဲ့အပြုံးနဲ့ hyung က ကျနော့အား မျက်ခုံးပင့်ပြရင်း...
"ဘယ်လိုလဲ။ ဟိုကောင်က မင်းကိုအိမ်တောင်လိုက်မပို့ဘူးမို့လား။ ဟက်...ထားပါတော့။ ကားပေါ်တက် ငါတို့နောက်ကျလို့မဖြစ်ဘူး။"
နောက်ခန်းကနေလိုက်ပါခဲ့ရသော ကျနော်ဟာ
သူတို့နှစ်ယောက်ရဲ့ ကြည်နူးဖွယ်ရာ စနောက်မှုလေးတွေကို တစ်လမ်းလုံးနားထောင်ရင်းပေါ့။တကယ်ဆို အရူးလိုကျနော်က Kai hyung ရဲ့
အိမ်ပြန်လိုက်ပို့မှာကို ငြင်းဆန်ပြီး hyung ကိုစိတ်မချလို့ လိုက်ခဲ့ခြင်းဆိုတာသိရင် ရယ်စရာကောင်းနေခဲ့မလားနော်။တရိပ်ရိပ်သွားနေတဲ့ ကားလေးပေါ် ဘက်မှန်ကမြင်နေရတဲ့ မျက်ဝန်းတစ်စုံကို ခဏဏခိုးကြည့်ရင်းသာ လူပိုတစ်ယောက်အနေနဲ့။
တခစ်ခစ်ရယ်မောနေတဲ့ မိန်းကလေးရဲ့ ရှက်သွေးဖြာနေတဲ့ ရယ်မောသံတွေ...သဘောတကျနဲ့စနှောက်ပေးနေတဲ့ hyung ရဲ့အသံတွေကို နားထဲ အသာတကြည်လက်ခံပေးလိုက်သည်။
ဘယ်လိုပဲဖြစ်နေစေအုံးတော့ ကျနော်နဲ့ဆိုကြားရခဲတဲ့ hyung ရဲ့စနှောက်တဲ့အသံလေးတွေတော့ ကြားနေရမယ်မဟုတ်လား။
"Sehee က ထောပတ်သီးမကြိုက်ဘူးမို့လား။
တစ်ခြားဟာ မှာလေ။ ""ဟင့်အင်း။ အရင်ကမကြိုက်ခဲ့ပေမဲ့ အခု ကြိုးစားပြီး စားကြည့်မလို့လေ။ Chan တောင် ထောပတ်သီးကြိုက်တာပဲဟာ။ Sehee လဲ ကြိုက်ကြည့်မလားလို့။"
"ဟဟ....ဟုတ်ပါပြီ။ ကိုယ့်အကြိုက်ကို လိုက်ပြီးသဘောကျပေးလို့ ကျေးဇူး။ "
Kyungsoo ရှေ့ နှစ်ယောက်သားထိုင်ပြီး သူတို့ပဲရှိနေသလို လုပ်နေတဲ့ Chanyeol။
တစ်ဖက်မိန်းကလေးကလဲ ရှက်စရာမရှိ ရှက်ကာမူပိုနေပြန်သည်။"သြော်...Kyungsoo မင်းလဲတစ်ခုခုမှာလေ။ ငါတို့ကိုထိုင်ကြည့်နေမှာလား။"
YOU ARE READING
မောင့်မူပိုင် (Completed)
Fanfictionကျွန်တော့အရာအားလုံးကို မောင် ပိုင်တယ်။ Started-May 30,2019 Ended-Sep 25,2020