မောင့်မူပိုင် 19(ZawGyi&Unicode)

1.3K 170 142
                                    


အခြေနေတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် တစ်ပတ်အကြာ Kai ရဲ့အိမ်ရှေ့ တက္ကစီနဲ့ သူရောက်လာခဲ့သည်။ ဒီအတောအတွင်း အထင်လွဲမှားနေခဲ့တဲ့ Kyungsoo ရဲ့စိတ်လေးလဲ တည်ငြိမ်သွားစေဖို့ သူဒီတစ်ပတ်ကြာအောင် တော်တော်အောင့်အီးသည်းခံ စောင့်နေခဲ့ရတာ။
မတည်မငြိမ်နဲ့ပူဆွေးနေတဲ့ လူတစ်ယောက်ရဲ့စိတ်ကို ချက်ချင်းကြီးတော့ ကျနော်တို့မဖြေဖျောက်ပေးနိုင်ဘူးမလား။

" ဒီအိမ်က Kyungsoo နဲ့ တွေ့ချင်လို့ပါ။ "

တံခါးလာဖွင့်ပေးတဲ့ ကောင်မလေးက ကျနော့ကို ရိုရိုကျိုးကျိုးနဲ့ကြည့်ရင်း ခေါင်းခါပြသည်။

"ကျမက ဒီအိမ်ကို လွန်ခဲ့တဲ့ငါးရက်ကမှ ရောက်လာတာရှင့်။ ဒီအိမ်မှာ ဖွားဖွားကြီးတစ်ယောက်ပဲရှိတယ်။ အကိုမေးတဲ့ Kyungsoo ဆိုတာ
ကြားလဲမကြားဖူးသလို ရှိလဲမရှိပါဘူး။ "

ကောင်မလေးရဲ့စကားမှာ ကျနော်မျက်မှောင်ကျုံ့လိုက်မိသည်။ အခုထိ ဘေဘီက ကျနော့အား မကျေမနပ်နဲ့ သံသယတွေသာထပ်ပွားနေတယ်ထင်ပါတယ်။

"ဒါဆို Kai ဆိုတဲ့သူကိုပါ မသိဘူးလား။ ဒီအိမ်က သူ့အိမ်လေ..."

"ရှင်~~~။စိတ်မရှိပါနဲ့နော်။ ဒီအိမ်မှာ ကျမနဲ့ ဖွားဖွားကြီးပဲရှိတာ။ "

"ဟက်! မဖြစ်နိုင်တာ။ "

" ဒါဆိုလဲ ဖွားဖွားကြီးနဲ့တွေ့လို့ရပါတယ်။ ဖွားဖွားကြီးကို အကိုသိချင်တာတွေမေးကြည့်ပေါ့။ "

ရှေ့ကနေခေါ်သွားတဲ့ ကောင်မလေးနောက် ကျနော် စိတ်ကိုအတတ်နိုင်ဆုံး ဆွဲဆန့်ကာလိုက်သွားရသည်။ ဒီအဖြစ်အပျက်တွေမှာ ကျနော်မှားခဲ့တာလဲ တစ်ခုမှမရှိပဲနဲ့ အပြစ်လုပ်ထားတဲ့သူလို ဆက်ဆံခံနေရတာဟာ ဘယ်လောက်စိတ်ပျက်ဖို့ ကောင်းတယ်လို့ထင်လဲ။ အိမ်ကနေပါ မရမကခိုးထွက်လာခဲ့ပြီး သူနဲ့မခွဲရဖို့ သေချာတိုင်ပင်မယ်ဆို
ပြီး တွေးလာခဲ့တာ။ မေမေရဲ့အစီအစဉ်တွေကြား မလှုပ်သာအောင်နေထားရတဲ့ ကျနော့အဖြစ်ပျက်ကို သူကတော့နည်းနည်းလေးတောင်မသိဘဲ တဇွတ်ထိုးသံသယဝင်ဖို့လောက်ပဲ စိတ်ကူးရှိတယ်ထင်ပါရဲ့။

အိမ်ထဲရောက်လာတော့ တိတ်ဆိတ်နေလိုက်ပုံက တစ်ကယ်ပင် ဒီအိမ်မှာလူနှစ်ယောက်ထပ်ပိုပြီး မရှိသလိုဖြစ်နေသည်။ ဆိုဖာမှာဝင်ထိုင်ရင်း အကဲခတ်နေခဲ့ပေမဲ့ Kyungsoo နဲ့ပတ်သတ်တဲ့ အငွေ့အသက်လေးတောင် သူ့စိတ်ထဲမရှိလာသလို စိတ်ကတဖြေးဖြေးနဲ့ တုန်လှုပ်လာခဲ့သည်။

မောင့်​မူပိုင် (Completed)Where stories live. Discover now