မောင့်မူပိုင် 32(ZawGyi&Unicode)

1K 184 195
                                    


ဆေးသေတ္တာလေးကိုင်ကာ အခန်းထဲဝင်လာတဲ့ Luhan ဟာရေချိုးခန်းထဲကရေကျသံတွေ​ကို ကြားလိုက်ရသည်။ ထို့နောက် စိတ်မရှည်စိတ်ပျက်မှုတွေနဲ့ သူ့လက်ထဲက ဆေးသေတ္တာကို အိပ်ယာပေါ်ကြမ်းကြမ်းတမ်းတမ်းပဲ ပြစ်ချလိုက်သည်။

အလုပ်ကပြန်လာတဲ့ Chanyeol ဟာ နဖူးထောင့်မှာ ဒဏ်ရာရလာသည်မို့ သူမကတော့ စိုးရိမ်တကြီးနဲ့ ပူပန်လိုက်ရတာ။ ဒါကို ဘာကြောင့်ရယ်ဆိုပြီး ကောင်းကောင်းပြန်မဖြေတဲ့အပြင် ဆေးသွားယူတာကိုပင် မစောင့်နိုင်ပဲ ရေချိုးနေခဲ့သေးတယ်တဲ့လား။

ဟိုတွေးဒီတွေးရင်းမှ မနက်ကအဖြစ်ပျက်ကို သတိရလာမိတော့ သူမမကျေနပ်မှုတွေနဲ့ Kyungsoo ဆိုတဲ့နာမည်ကို ရင့်ရင့်သီးသီးကို ကြိမ်းဝါးလိုက်သည်။ နောက် အလွယ်တကူချထားခဲ့တဲ့ Chanyeol ရဲ့ဖုန်းကို လျင်မြန်စွာနဲ့ မွှေနှောက်တော့သည်။

ဘယ်တုန်းကမှ တစ်ယောက်ဖုန်းတစ်ယောက် မကိုင်မိသည်မို့ပဲလား။ Chanyeol ဟာ လွတ်လွတ်လပ်လပ်ကို ဖြစ်ပျက်နေခဲ့တာပဲ။
ဘေဘီ ဆိုပြီးမှတ်ထားတဲ့ နံပါတ်ကနေ ပို့ထားတဲ့ မက်ဆေ့ချ်တွေ။ Kris မှာထားသလို စိတ်တင်းကာလုပ်ရမည်ဆိုတာကို မမေ့ပေမဲ့ လက်တွေ့မှာတော့ မထိန်းနိုင်ပဲ မျက်ရည်ကကျမိပါရဲ့။

မိမိအပေါ် နည်းနည်းလေးပင် ဂရုမစိုက်တတ်တဲ့ယောကျ်ားက သူစိမ်းယောကျ်ားတစ်ယောက်အပေါ်မှာတော့ မြင်မကောင်းအောင် ချစ်ပြ ဂရုစိုက်ပြနေတာတွေ။ ဘယ်လိုစိတ်မျိုးနဲ့ သူမမှာ သည်းခံနိုင်စွမ်းနဲ့ချုပ်တည်းထားရပါမလဲ။ တုန်ယင်နေတဲ့လက်တွေနဲ့ ထိုနံပါတ်တစ်ခုကို တိတိကျကျ မှတ်ယူထားလိုက်ရင်း မဝံ့ရဲသောစိတ်တို့နဲ့ Gallery ဘက် သူမလက်ကတို့ထိမိသည်။

ကိုယ့်ပါးစပ်ကိုယ် အထိတ်တလန့်ပိတ်လိုက်ရတဲ့အခြေနေတွေထိ တွေ့လိုက်ရသောပုံတွေ။လက်ထဲကဖုန်းပင် လွတ်ကျမတတ်ဖြစ်သွားရရင်း မဖြစ်နိုင်ပါဘူးဆိုတဲ့စကားကို တတွတ်တွတ်ရွတ်နေမိသည်။ သို့ပေမဲ့
ခုတင်ပေါ်လှဲကျနေတဲ့ Kyungsoo ရဲ့ပုံပန်းသဏ္ဍာန်က Chanyeol ရဲ့ဖုန်းထဲ ဆယ်ပုံကျော်ကျော်လောက်ရှိနေခဲ့တာက ငြင်းဆန်လို့မှမရလေပဲ။

သူမအသံထွက်မငိုမိအောင် ထိန်းချုပ်ထားရတဲ့အနေထားမှာ ရှိုက်သံတအင့်အင့်ထွက်ကျလာခဲ့ရင်း ရေချိုးခန်းဘက်ကို ရင်နာစွာလှည့်ကြည့်မိသည်။ ဘယ်လောက်ထိ ရှေ့ဆက်တိုးဖို့ စဥ်းစားထားခဲ့လို့ သူမအပေါ်ရက်စက်နိုင်ရသလဲဆိုတာကိုတွေးရင်း ဝမ်းနည်းနာကျင်မှုက အတိုင်းအဆမရှိ။

မောင့်​မူပိုင် (Completed)Where stories live. Discover now