အပိုင်း - ၁

71.9K 1.9K 35
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

ကိုယ့်နာမည်က သော်ဝတီဦး ဖေဖေနဲ့မေမေခေါ်တာကတော့ မီးလေး။သူငယ်ချင်းတွေကချစ်စနိုးနဲ့ခေါ်တာတော့ သော်လေးပေါ့။

ကိုယ့်ဘဝမှာ တစ်ယောက်သောသူအဖြစ်သတ်မှတ်ထားသူလေးကခေါ်တာတော့.... တစ်ခုတော့ရှိတယ်၊သူကတော့ ချစ်စနိုးနဲ့ခေါ်တာမဟုတ်လောက်ဘူး။အလွယ်ခေါ်တာပဲနေမှာပါ။ ဦး.. တဲ့ တစ်လုံးတည်းပဲ ။

ဒါပေမယ့်် သူ စိတ်ကြည်ရင်တော့ ကိုယ့်ကို ဦးလေး လို့ခေါ်တယ်။ဘယ်လိုခေါ်ခေါ်ပါ၊သူကိုယ့်ကိုခေါ်တဲ့ အသံလေးက ကိုယ့်အတွက်တော့ ဘာနဲ့မှအစားထိုးလို့မရတဲ့ သံစဉ်တေးသွားလေးတွေလိုပဲ။

ကိုယ့်ဘဝထဲကိုသူစဝင်လာခဲ့တာက .......

*****

ရှမ်းပြည်နယ်ထဲက အေးချမ်းသာယာလှတဲ့တောင်ကြီးမြို့မှာ ဆောင်းရာသီရဲ့အအေးဓာတ်နှင့်အပြိုင် အေးချမ်းတိတ်ဆိတ်လျက်ရှိသည်။ ထိုအေးချမ်းတိတ်ဆိတ်မှုတို့နှင့်အတူ ဖခင်၏ရင်ခွင်ထဲတွင်အိပ်ပျော်နေသော အသက်လေးနှစ်အရွယ်ကလေးလေးတစ်ယောက်။
ထိုစဉ် သူတို့သားအဖအိပ်နေသောအခန်းထဲသို့ အမျိုးသမီးတစ်ယောက်ဝင်လာကာ

''အစ်ကို....မထသေးဘူးလား။ မီးလေးကလည်းအိပ်ကောင်းနေလိုက်တာ ''

''မထသေးဘူးမိန်းမရေ။ သမီးကကိုယ့်ရင်ခွင်ထဲမှာဇိမ်ကျနေတယ် ''

''မရတော့ဘူးအစ်ကိုရေ...သမီးလေးကို သေချာသိပ်လိုက်တော့။အစ်ကိုလည်းအလုပ်သွားရဦးမယ်လေ''

အိပ်ခန်းလိုက်ကာတွေကိုတင်လိုက်ရင်း ဒေါ်ဝတီနွယ်ပြောလိုက်သည်။လိုက်ကာတင်လိုက်သောကြောင့် တစ်ဖက်ခြံထဲကိုပါ လှမ်းမြင်လိုက်ရသည့်အခါ တစ်ဖက်ခြံမှလှုပ်ရှားမှုများက သူမမြင်ကွင်းထဲရောက်ရှိလာ၏။

ဦးမြတ်လင်းဦးလည်း တစ်ဦးတည်းသောသမီးလေးကို ရင်ခွင်ထဲမှထုတ်၍ မွေ့ယာပေါ်တွင်စောင်သေချာခြုံပေးလိုက်ကာအိပ်စေသည်။ နေရာရွေ့ရသောကြောင့်ထင်သည် သမီးက လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ပြန်အိပ်ပျော်သွားသည်။ သူတို့လင်မယားနှစ်ယောက်လည်း အကြည့်တို့ကိုဘေးခြံသို့လွှဲလိုက်ကာ

နှလုံးသားမှာ  ဆူးWhere stories live. Discover now