[ Zawgyi ]
" အာ ဟုတ်သားပဲ...
တံခါးဖွင့်လိုက်မယ်နော် ကိုကို..."ဟု ပြောကာ ခြံတံခါးကို ဖွင့်ပေးသည်...
တံခါးပွင့်သွားသည့်အသံကြားတာကြောင့်
တံခါးကိုတွန်းဖွင့်လိုက်ပြီး ခြံထဲကို
ဝင်သွားတော့ မျက်စိထဲတွင်
ထင်းနေသည့် ခြံထဲက
ဒန်းအဖြူရောင်လေးကို
အရင်ဆုံးတွေ့လိုက်ရသည်....
ဒါသူ့ရဲ့ဒန်းလေးများလား မသိဘူး..." ကလေးကလား ဒန်း တဲ့...."
ဟုပြောကာ အိမ်တံခါးကိုဖွင့်ပြီး
အထဲကို ထပ်ဝင်သွားလိုက်တော့
အရင်ဆုံးတွေ့လိုက်ရသည်က
ဧည့်ခန်းတွင် အခန့်သားထိုင်နေကြသည့်
ယောင်္ကျားတစ်ယောက်နှင့်
မိန်းမတစ်ယောက်...ကျွန်တော့ကိုမြင်တော့
သူတို့အိမ်ကို ဘာလာလုပ်တာလဲဆိုသည့်
အကြည့်နှင့် ကျွန်တော့ကိုလာကြည့်နေကြပြီး" ဘာကိစ္စရှိလို့လဲ မသိဘူး..."
ဟု ထိုနှစ်ယောက်ထဲမှ ယောကျာ်းဖြစ်သူက
ကျွန်တော့အား လှမ်းမေးလာသည်..." Baekလေးကို လာခေါ်တာပါဗျ..."
ဟု ပြန်ဖြေလိုက်တော့
" သြော် ဟိုအိမ်ကကိုး...
အင်း ကြုံတုန်းမို့ တစ်ခါတည်း
မေးလိုက်ဦးမယ်...
သူက ဒီကို ပြန်လာဦးမှာလား...
အစီအစဉ် ရှိသေးလား..."မေးတဲ့ပုံကို ကြည့်ရတာ
ဒယ်ဒီတို့ပြောထားဖူးသည့်
ဟိုကလေးကို ဒုက္ခပေးတဲ့နှစ်ယောက်
ဖြစ်ဖို့များသည်...ပြောလိုက်ရရင်တော့
မကောင်းဖြစ်တော့မယ်...
သူများအိမ်ပေါ်လည်း
တက်နေသေးတယ်...
ပြန်လာဦးမှာလားလည်း လာမေးနေတယ်...
ပြန်လာမယ်ဆိုရင် ဘာလုပ်မလို့လဲ...
ပြန်မလာဘူးဆိုရင်ရော...
တကယ် အာရုံလာနောက်နေတယ်..." ဘာဖြစ်လို့လဲမသိဘူး...
ဒါက သူ့အိမ်ဆိုတော့
သူပြန်လာချင်တဲ့အချိန်
ပြန်လာမှာပေါ့ အစ်ကို...
ဒါပေမယ့် စိတ်မချရရင်တော့
ကျွန်တော်ကိုယ်တိုင် လိုက်လာပြီး
ဒီမှာ နေချင်ရင် နေမှာပါ...."ဟု ပြောလိုက်သောအခါ
ကျွန်တော်ပြောချင်သည့်အဓိပ္ပါယ်ကို
သူ သဘောပေါက်သည့်အတွက်
ကျွန်တော့အား ချက်ချင်း
ခွန်းတုံ့ပြန်ကာ မေးလာပြန်သည်...
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...