[ Zawgyi ]
စိတ်တိုတိုနှင့် ကားကို အရှိန်တင်ပြီး
မောင်းထွက်လိုက်တော့ သူက
ခါးပတ်ကိုသာ တင်းတင်းကြပ်ကြပ်
ကိုင်ထားပြီး ကားခေါင်မိုးက
လက်ကိုင်ကို ကိုင်ထားလေသည်...
ဟက် ဒါတော့ ကြောက်တတ်သားပဲ...လီဗာကို ထပ်ပြီး ဖိနင်းကာ ကားကို
တစ်ဝူးဝူးနှင့် အထိန်းအကွပ်မဲ့
သွားစေလိုက်တော့ သိပ်မကြာခင်မှာပင်“ ကို...ကို...ဟင့်ဟင့်...ကိုကို့..
ဖြည်းဖြည်းမောင်းပါလား...
ကြောက်တယ်....ဟင့်ဟင့်...
Baek ကြောက်လို့ပါ...အီးးးးဟီးးးးး ”ဆိုကာ ငိုရင်းပြောလာသည်...
မှတ်ပြီလား။ငါ့ကိုစကားမပြောဘဲ
နေချင်ဦး။သူကများငါ့ကို
စိတ်ကောက်ရတယ်ရှိသေး။
အခုရော ဘယ့်နှစ်ရှိစ။
ကြောက်ပြီလား...သူ့ကိုစကားလည်း ပြန်မပြော
အရှိန်လည်းမလျှော့ပေးဘဲနဲ့
ဆက်မောင်းသွားလိုက်ကာ
ဟန်မြစ်ကမ်းဘေး တံတားအောက်သို့
မောင်းသွားလိုက်တော့သည်....တံတားဆီရောက်တော့
အရှိန်ကိုလျှော့ပြီး ကားရပ်ပစ်လိုက်တော့မှ
သူ့မျက်နှာကိုသူလက်နှင့်အုပ်ကာ
အော်အော်ပြီး ငိုတော့သည်....“ အီးးးးးဟီးးးးး အိမ်ပြန်တော့မယ်...
ဒီအိမ်မှာ မနေတော့ဘူး...
ဒယ်ဒီ့ဆီပဲ ပြန်တော့မယ်...”ဟု ငိုရင်းဖြင့်ပြောလေသည်...
တော်တော်ကြောက်သွားသည့်ပုံပါလေ...“ ဘာလို့ ပြန်မှာလဲ...”
ဟု သူငိုနေသည့်ကြားမှ
ကျွန်တော်မေးလိုက်တော့
ငိုရင်းနှင့်ပင် ပြန်ဖြေလာသည်...“ ကိုကို့ကို ကြောက်လို့...
အီးးးး...ဟီးးးး...”ဆိုကာ ငိုပြန်သည်...
“ မင်းကိုငါ ဘာလုပ်နေလို့
ကြောက်နေတာလဲ...”ဟုမေးလိုက်တော့ တစ်ရှုံ့ရှုံ့နှင့်
ငိုရင်းပြန်ဖြေလာသည်က“ ကိုကိုက နှိပ်စက်တယ်။
Baek ရဲ့စကားကို အလေးမထားဘူး။
မှတ်လည်း မမှတ်ထားဘူး။
ကြောက်အောင်လည်းလုပ်တယ်။
အလိုလည်းမလိုက်ဘူး...”
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...