86 🤒

7.5K 897 103
                                    

( Zawgyi )

“ Baekရေ...ထတော့လေ...
ကျောင်းနောက်ကျတော့မယ်...”

ဟုပြောလိုက်ပေမယ့် အဖြေပြန်မရသည့်
ကောင်လေးအနားသို့ သွားထိုင်လိုက်ကာ

“ မထချင်ဘူးလား... “

ဟု မေးလိုက်တော့ ခေါင်းလေးကို
အသာလေးညိတ်ပြသည်...

“ ဘယ်လိုဖြစ်လို့လဲ...”

ဟု မေးလည်းမေး နေများမကောင်းဘူးလားဟု
တွေးမိတာကြောင့် သူ့နဖူးလေးကို အသာလေး
စမ်းလိုက်တော့ ကိုယ်လေးကငွေ့နေသည်...

“ Baek ဖျားနေတာလား...”

ဟု ပြောကာ

“ ဖျားနေတယ်ဆိုရင် ဒီလိုအိပ်နေလို့
မရဘူးလေ...တစ်ခုခုစားပြီး
ဆေးသောက်ရမှာပေါ့...နေဦး...
ကိုလေးဆေးရုံသွားပြီလားလို့
သွားကြည့်လိုက်ဦးမယ်...”

ဟု ပြောကာ အခန်းထဲကနေပြေးထွက်ပြီး
အောက်ထပ်ကိုပြေးဆင်းကာ ကိုလေးကို
သွားကြည့်လိုက်သည်...

တော်သေးတယ်ပြောရမည်...ကိုလေးတို့ မနက်စာစားနေတုန်းရှိသေးသည်...
ကျွန်တော် အပေါ်ထပ်ကနေ
အမြန်ဆင်းလာသည်ကိုတွေ့တော့
ကိုလေးကပင်

“ အလောတကြီးနဲ့ ဘာဖြစ်လာတာလဲ
ငယ်လေး...”

ဟုမေးသည်ကြောင့်

“ ကိုလေး ဆေးရုံသွားပြီလားလို့
လာကြည့်တာ..."

ဟုဖြေလိုက်ကာ

“ ကလေး ဖျားနေလို့...”

ဟုတစ်ဆက်တည်းပြောလိုက်တော့မှ
တစ်မိသားစုလုံး လှုပ်လှုပ်ရှားရှား
ဖြစ်သွားသည်....

“ ဘယ်လိုဖြစ်လို့ဖျားတာလဲ...”

“ သားလည်းမသိဘူးလေ...
မနေ့က သားပြန်လာတာ နောက်ကျတယ်...
သားအိမ်ပြန်ရောက်တော့ သူအိပ်နေပြီ...”

“ အဲ့တုန်းကတည်းက
ဖျားနေတာလားမသိဘူး...”

“ မဟုတ်ဘူး....အဲ့တုန်းက
သူမဖျားသေးဘူး....”

ဟု ပြန်ဖြေလိုက်သည်....
ကျွန်တော် ညက အိမ်ပြန်ရောက်တော့
အိတ်ကိုချကာ ကျွန်တော့ကိုကျောပေးပြီး
အိပ်နေသော သူ့မျက်နှာလေးကို
မြင်ချင်တာကြောင့် ခုတင်ခြေရင်းကနေ
ပတ်ပြီး သူ့ဘက်ကို သွားလိုက်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now