[ Zawgyi ]
" သားကြီးရေ ညက သားငယ်လေး
ပြန်မလာဘူးလား..."ကျွန်တော်က ထမင်းစားခန်းထဲသို့အသွား
လှေကားအပေါ်ကနေ မေမေက
ကျွန်တော့အား အလောတကြီး
လှမ်းမေးလာသည်...မနက်တိုင်း မေမေက ငယ်လေးကို
နှိုးနေကျအတိုင်း နှိုးရန်တက်သွားပြီး
ငယ်လေးကို မတွေ့၍ ထင်သည်...ကျွန်တော်ကလည်း မေမေ့ဆီသို့
တက်သွားလိုက်ကာ"ဘာဖြစ်လို့လဲ မေမေ...
ငယ်လေး အခန်းထဲမှာ မရှိဘူးလား...
ရေချိုးခန်းထဲရော ရှာပြီးပြီလား..."" ရှာပြီးပြီ...အိပ်ထားတဲ့ပုံ မရှိဘူး...
မွေ့ရာကြီးတစ်ခုလုံးကလည်း
အေးစက်နေတယ်...စောင်တွေကလည်း
မနေ့က အတိုင်းပဲ...""ဟုတ်လား... ညကလည်း
သားဆီ ဖုန်းဆက်ပြီး တံခါးမဖွင့်ခိုင်းဘူး... ခဏ....သား ငယ်လေးဆီ
ဖုန်းဆက်ကြည့်လိုက်ဦးမယ်..."ဟုပြောကာ ဖုန်းခေါ်လိုက်တော့
ဖုန်းတော့ဝင်သည်...သို့သော် မကိုင်...
ကျွန်တော် ဖုန်းဆက်နေတုန်း မေမေက" သားငယ် တစ်ခါမှ အပြင်မှာ
မအိပ်ဖူးပါဘူး...ဖုန်းကိုင်လား သား..."ဟု ကျွန်တော် ဖုန်းဆက်ပြီးပြီးချင်း
မေးလာသည်...." ဖုန်းတော့ဝင်တယ် မေမေ...
ဒါပေမယ့် ဖုန်းမကိုင်ဘူး..."" အရင်က ဘယ်လောက်မူးမူး
အိမ်ကိုတော့ မရောက် ရောက်အောင်
ပြန်လာသေးတာကို အခု
ပြန်မလာနိုင်ရအောင်
ဘာတွေများ ဖြစ်နေလဲ မသိဘူး...
အောင်မလေး...ဘုရား...ဘုရား...
ဆိုင်ကယ်accidentတွေ ဘာတွေများ..."ဟုပြောကာ ဘာကိုမှဆက်မပြောနိုင်ဘဲ
ရင်ဘတ်ကိုသာ လက်နှင့်အုပ်ထားရင်း
ရင်တုန်နေသည့် မေမေ့အား
မေ့လဲသွားမည် စိုးတာကြောင့်" ညီလတ်ရေ... ညီလတ်...
အပေါ်ကို ခဏ..."ကျွန်တော့အော်ခေါ်သံကြားတာကြောင့်
ညီလတ်က မနက်စာစားရန်
ထမင်းစားပွဲတွင် ထိုင်နေရာမှ ထလာပြီး
အပေါ်ကို အပြေးတက်လာသည်..." ဘာဖြစ်လို့လဲ ကိုကြီး..."
ကျွန်တော့ကိုမေးလည်းမေး
ဘေးနားက မူးနေသော
မေမေ့ကိုလည်း ဖမ်းထိန်းလိုက်သည်...
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...