( Zawgyi )“ ကိုကို့စကားကိုနားမထောင်လို့
Baekဆိုးလို့ Baekကို ဒီလိုအပြစ်ပေးတာလား
Baek လိမ္မာပါ့မယ် ကိုကိုရယ်....
ကတိပေးပါတယ်...ဒီတစ်ခါပြောတာ
တကယ်ပါ.... ယုံပါနော်...
Baek ဆီကို ပြန်လာခဲ့ပါတော့ ကိုကိုရယ်...
တောင်းပန်ပါတယ်....”ဟုကိုကို့ ရင်ဘတ်လေးပေါ်ကို ပါးလေး
တင်ကာ မှီထားရင်း ကိုကို့ကိုပြောနေပေမယ့်
လူက တစ်ဖြည်းဖြည်းငိုချင်တာတာကြောင့်
ခေါင်းကို မှောက်လိုက်ပြီး ငိုလိုက်မိသည်....“ မင်္ဂလာပွဲကိုလည်း ကိုကို့စိတ်တိုင်းကျ
ဖြစ်စေရပါ့မယ်...ဟင့်...ဟင့်...
ဘာမဆို ကိုကို့စိတ်တိုင်းကျ....ဟင့်...
ဟင့်...ကိုကို့စိတ်တိုင်းကျပဲ
ဖြစ်စေရပါ့မယ်...ဟင့်...
ကိုကို့စကားတစ်ခွန်းဆို တစ်ခွန်း
Baek... Baek နားထောင်ပါ့မယ်....”“ Baek ကိုထပြီး ဆူပါဦး...
ငေါက်ပါဦးကိုကိုရယ်...
ကိုကို့ရဲ့အသံလေးကို အရမ်းလွမ်းနေပြီ...
ဟင့်...ဟင့်.... ”ဟု ငိုရင်းပြောမိနေစဉ်...
“ တကယ်နော်....”
ဆိုသော ကိုကို့ရဲ့အသံအက်အက်ကလေးကို
ကြားလိုက်ရသည်....ဘုရားရေ....ကျွန်တော်ပဲ
နားကြားမှားသလား...တစ်ချိန်လုံး
မျှော်လင့်တောင့်တနေခဲ့ရတာကြောင့်ပဲ
ကျွန်တော် လျှောက်ကြားနေတာလား....
ဟုတွေးမိပြီး ခေါင်းကို ဖြည်းဖြည်းချင်း
ပြန်ထောင်လိုက်ပြီး ကိုကို့ကို ကြည့်လိုက်တော့
ကျွန်တော့ကို ပြုံးပြီးကြည့်နေသော ကိုကို....“ တကယ်လားလို့....”
ဟုထပ်မေးသည့်အသံကြားမှ
ဟင်...ကိုကို...ကိုကိုပြန်လာပြီ...
ကိုကို Baek ဆီကို ပြန်လာပြီ....
ကျွန်တော့မှာ လက်ရှိဖြစ်ပျက်နေသည့်
အခြေအနေကို ကျင့်သားမရသေး...
အယောင်ယောင် အမှားမှား...
အလွဲလွဲအချော်ချော်နှင့် ဘာလုပ်လို့
လုပ်ရမည်မသိဘဲ မျက်ရည်တွေသာ
ဝဲလာသည်....ပြီးတော့မှ အရင်ဆုံး သတိဝင်လာကာ
အခန်းအပြင်ကို ပြေးထွက်ပြီး
ကိုလေးတို့ကို ပြေးခေါ်ရလေသည်...
ခုတင်ခေါင်းရင်းတွင် အရေးပေါ်ခလုတ်
ရှိပမေယ့် မနှိပ်မိဘဲ အပြင်ကို
ပြေးထွက်သွားသည့် ကျွန်တော်
ရူးနေပြီထင်သည်...
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...