[ Zawgyi ]
“ အီးးးးဟီးးးးး အင့်....ဟင့်....”
ဒီလောက်စုံတဲ့ ငိုပုံမျိုးကို
ဒါပထမဆုံး ကြားဖူးခြင်းပင်....
အိမ်အပြင်မှာလည်းမိုးတွေက
သည်းကြီးမည်းကြီးကို ရွာနေပြီး
အိမ်ထဲမှာလည်း သူ့ရဲ့ငိုသံ တဂျီဂျီ....ခုတင်ပေါ်တွင် ထိုင်ကာငိုနေသော
ခွေးပေါက်အား ခါးထောက်ကာပင်
ကြည့်နေလိုက်မိသည်....ဒယ်ဒီ ၊ မာမီတို့နှင့်
အပန်းဖြေခရီးထွက်လျှင်
လာတတ်သည့် အိမ်ဖြစ်တာကြောင့်
ကျွန်တော်နှင့် သိပ်မစိမ်းသော်လည်း
အခု မီးပျက်တော့ ဘာလုပ်လို့
လုပ်ရမည်ကိုမသိ...မီးပျက်လို့ စိတ်ရှုပ်ရသည့်အထဲ
သူ့ငိုသံကြားတော့ လူက ပိုပြီး
အာရုံတွေ နောက်လာသည်....အပြင်က မိုးတွေသည်းပြီးလေတွေပါ
တိုက်နေတာကြောင့် သစ်ပင်တွေ
မီးကြိုးတွေအပေါ်ကို ကျိုးကျကုန်တာ
ဖြစ်ပါလိမ့်မည်...အခုတော့ တစ်အိမ်လုံး
မှောင်မည်းနေသည်...
မီးထွန်းဖို့ တစ်ခုခုကိုရှာရန်
သွားလိုက်တော့လည်း အနောက်ကနေ
အင်္ကျီစကို ဆွဲကာ ငိုရင်းဖြင့်
တကောက်ကောက် လိုက်နေသော
ခွေးပေါက်အား ကျွန်တော် ဘယ်လို
လုပ်၍ ရနိုင်မည်နည်း...သူ့ကို နံရံမှာကပ်ပြီး တိတ်နှင့်
ပတ်ပစ်ချင်စိတ်တွေ တစ်ဖွားဖွား
ဖြစ်ပေါ်လာသည်...လက်ထဲက ကိုင်ထားသည့်ဖုန်းမီးကို
ကြမ်းပြင်ကို ချိန်ကာ ထိုးလိုက်ရင်း“ ခဏလွှတ်ဦး...
ဓာတ်မီးလေးဖြစ်ဖြစ်
ဖယောင်းတိုင်လေးဖြစ်ဖြစ်
သွားရှာလိုက်ဦးမယ်....”ဟု လှည့်ကာပြောလိုက်တော့
သူလေးက ငိုနေရင်းနှင့်“ ဟင့်အင်း Baekလည်း လိုက်မယ်...
တစ်ယောက်တည်းမနေခဲ့ချင်ဘူး...
ကြောက်တယ်...ဟင့်...ဟင့်....”ဟု အသံလေးတွေ တုန်ကာပင်
သူကြောက်နေကြောင်းကို
ပြောလာသည်...သူ့ကြည့်လိုက်တော့လည်း
တကယ်ကိုပင်ကြောက်နေသည်ထင်သည်...
ကျွန်တော့အင်္ကျီစကိုဆွဲထားသည့်
သူ့လက်ကလေးတွေကပင်
တုန်လို့နေသည်...
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...