85 🤗

7.1K 935 49
                                    

( Zawgyi )

အိမ်တံခါးဖွင့်ကာ ဝင်လိုက်သည်နှင့်
“ ဖောင်း...” “ ဖောင်း...” ဆိုကာ
မွေးနေ့တွင် ဖောက်သည့်ပစ္စည်းတွေကို
ငဂျုံနှင့်ငဆယ်က တံခါးတစ်ဖက်စီတွင်
မတ်တပ်ရပ်ကာ ဖောက်လိုက်သည်ကြောင့်
အရမ်းလန့်သွားပြီး

“ အောင်မလေးဗျ....”

ဟုအော်ကာ ရင်ဘတ်ကိုဖိပြီး
ထိုင်ကျသွားသည်....

ကျွန်တော်ဖြစ်သွားသည့် ပုံစံကိုမြင်ပြီး
အားလုံးက ဝိုင်းရယ်သလို ကိုကြီးက
ကျွန်တော်ဖြစ်နေသည့်ပုံကို အမိအရ
ဓာတ်ပုံရိုက်နေသည်...

“ လန့်တာကွာ... လဒတွေရ...”

“ လန့်အောင်လုပ်ထားတာ လန့်မှာပေါ့...”

ဟု ပြန်ဖြေသည့် ငဂျုံ၏
ဖင်အား လှမ်းကန်လိုက်သည်....
ထိုကဲ့သို့ကန်မည်ဟု ထင်မထားသည်ကြောင့်
အကန်ခံလိုက်ရသော ငဂျုံက
သူ့တင်ပါးကို သူပွတ်ကာ

“ နာထှာ...မသာလေးရဲ့...”

ဟု ပြန်ပြောလေသည်...
သူပြောလိုက်သည်ကို အားလုံးက
တစ်ဝါးဝါးနှင့်ရယ်လိုက်ကြသည်...

" ငါ့ကို mesg ပို့ပြီး နှောက်တဲ့ကောင်...
ငါကတော့ တကယ်မှတ်လို့ ပြေးလိုက်ရတာ
ပြီးတော့ သူတို့က ဒီရောက်နေတယ်..."

ဟု ငဂျုံ့ကိုပြောတော့ ငဆယ်က

" ငါတို့ကို ကျေးဇူးတင်တယ်တော့ထား..."

" တင်တော့ တင်ပါတယ်...ဒါပေမယ့်..."

" ဘာမှ ဒါပေမယ့်မနေနဲ့...
အိုကေသွားပြီလား အခု..."

ဟုမေးလာသည်ကြောင့်
ဟိုကလေးကို လှည့်ကြည့်လိုက်တော့
ကိတ်မုန့်ဗူးလေးကိုကိုင်ကာ
ကျွန်တော့အနောက်တွင်
မတ်တပ်ရပ်နေသည်...

သူလေးထံသို့ ကျွန်တော့လက်ကို
ကမ်းလိုက်ကာ ကိုင်စေပေမယ့်...
သူလေးက ပြန်မကိုင်ဘဲ
ကြောင်ကြည့်နေလေသည်...

“ လာလေ...”

ဟု ပြောလိုက်တော့မှ ပြုံးကာ
ကျွန်တော့လက်ကို လှမ်းကိုင်လေသည်...
အနားထိရောက်အောင် ဆွဲလိုက်ကာ
ပုခုံးလေးကိုဖက်လိုက်တော့
ဟိုနှစ်ကောင်ဆီမှ အသံထွက်လာသည်..ယ

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now