40 🥃🍸

10.5K 1.1K 100
                                    

( Zawgyi)

Club ကိုရောက်၍ ကားပေါ်က
ဆင်းသည်နှင့် ကိုကြီး Jonginနားသို့
ပြေးကပ်လိုက်ကာ ကိုကြီး Sehun နှင့်
ကိုကြီး Jongin တို့ နှစ်​ယောက်ကြားထဲသို့
ဝင်လိုက်သည်....

ကိုကိုက ကျွန်တော်လုပ်လိုက်သည့်
အပြုအမူကို ဘာလုပ်တာလဲ ဆိုသည့်
ဒီဇိုင်းဖြင့် မျက်မှောင်ကျုံ့ကာ
ကြည့်လာသည်....

"ကဲပါ ငချမ်းရာ...အရှေ့ကဝင်
ငါတို့ ခေါ်လာခဲ့ပါ့မယ်..."

ဆိုပြီး ကိုကြီး Jongin က
ကိုကို့ ကို အရင်ဝင်ခိုင်းလိုက်သည်...
ဒါတောင် မကျေမနပ်နှင့် ကျွန်တော့ခေါင်းကို
ထုသွားသေးသည်....

ဟွန့် မခေါ်ဘူး ကြည့်ထား...

ကိုကိုတို့က သူတို့ထိုင်နေကျ
ဝိုင်းသို့သွားထိုင်ကာ ထိုနေရာရောက်တော့ ကိုကိုက အရင်ဝင်ထိုင်လိုက်ပြီး
ကျွန်တော့ကို သူ့ဘေးနားတွင် လာထိုင်ရန်
ဖင်ထိုင်ခုံကို လက်ဖြင့်ပုတ်ပြနေသည်...

မသွားချင်ပါဘူးဆိုမှ ဘာလို့
လာခေါ်နေတာလဲမသိဘူး...

မသွားချင်၍ ဟိုလျှောက်ကြည့်
ဒီလျှောက်ကြည့် လုပ်နေတုန်း
ကောင်မလေးဆယ်ယောက်လောက်က
ကိုကို့ဘေးနားကို အသီးသီးဝင်
ထိုင်လိုက်ကြသည်...

ကြည့်ကြည့်တွေ့လား....
ကောင်မလေးတွေကို မြင်တော့
ကျွန်တော့ကို သတိတောင် မရတော့ချေ...

" Chan... ဘာတွေလုပ်နေလဲ..."

ဆိုတာက တစ်မျိုး...

" Yeol... ဒီအတောအတွင်း
နေကောင်းရဲ့လား..."

ဆိုတာက တစ်ဖုံနှင့် ကွိကျိ ကွိကျိ အသံတွေ
ထွက်လာသည်ကြောင့် နေရတာ
စိတ်ရှုပ်လာသည်...

ထို့ကြောင့် စားပွဲတွင် လာချပေးသွားသော
ခွက်တွေထဲက တစ်ခွက်ကို ကောက်ယူကာ
သောက်ရန်လုပ်လိုက်စဉ် လက်ထဲကနေ
ဆွဲလုခြင်းကို ခံလိုက်ရသည်....

ဘယ်သူယူသွားတာလဲဟု ကြည့်လိုက်တော့
ဟင်....ကိုကို.... ဟိုမိန်းကလေးတွေနဲ့
စကားပြောနေတယ်ထင်တာ ဘယ်လိုဖြစ်ပြီး
ဒီနားကို ရောက်လာတာလဲ...

" လျှောက်မသောက်နဲ့....ဒီကဟာတွေကို
မင်းတစ်ခုမှ မသောက်နိုင်ဘူး..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Donde viven las historias. Descúbrelo ahora