( Zawgyi )
အိမ်ပေါ်ကနေ စောင့်အောင့်ကာ
စူပုတ်ပြီး ဆင်းလာသည့် ကောင်လေးအား“ ကလေးလေး ဒီကိုလာဦး....”
ဟု ကျွန်တော်တို့ နှစ်ယောက်
ထိုင်နေသည့်နားသို့ လှမ်းခေါ်လိုက်တော့ တောက်တိတောက်တိနှင့် ရောက်လာသည်...“ ထိုင်ဦး...”
ဆိုကာ ကျွန်တော်တို့ နှစ်ယောက်ကြားထဲ
ဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်တော့လည်း
ငြိမ်ငြိမ်လေးထိုင်နေလေသည်...
သို့သော် မျက်နှာကတော့
တစ်ခုခုကို အလိုမကျ၍ စူပုတ်ပုတ်နှင့်“ ဘာလဲ...ငချန်းနဲ့
စိတ်ကောက်လာတာလား...”ဟု မေးလိုက်တော့ ခေါင်းလေးညိတ်ပြပြီး
“ အဲ့ကိုကိုက Baek ကိုဆို
အရမ်းအနိုင်ကျင့်တာ...
Baek မကြိုက်တာတွေချည်းပဲ
ရွေးပြီးပြောတယ် ရွေးပြီးလုပ်တယ်...”သူမကျေမနပ်ဖြစ်လာရသည့် ကိစ္စကို
ပြောပြတော့ စကားထောက်ပေးကာ“အင်းးး အခုရော ဘာပြောလို့လဲ....”
ဟုမေးလိုက်တော့ ငချန်းရှိနေသည့်
အပေါ်ထပ်သို့ မျက်စောင်းလှမ်းထိုးကာ“ Club ရောက်ရင် စော်လေးတွေနဲ့
တွဲပြီးကမယ်တဲ့...”ဟု နှုတ်ခမ်းကို ချွန်နေအောင်ပြန်ပြောလာသည့်
ပုံစံလေးကို သဘောကျတာကြောင့်
အော်ရယ်လိုက်ကာ“ ဟားးးးဟားးးးးဟားးးးး
ငချန်းက အဲ့လိုပြောလိုက်တာသေချာလား...”ဟုမေးကြည့်လိုက်တော့
“ သေချာတာပေါ့ ကိုကြီးရ...
အဲ့ဒါကြောင့် Baek စိတ်တိုလာတာ...”ဟု ပြန်ဖြေလေသည်...
" ဘာလို့စိတ်တိုတာလဲ...”
“ ကိုကိုက အဲ့လိုလုပ်မယ်ပြောလို့လေ...”
“ အင်းလေ အဲ့လိုလုပ်တော့ ဘာဖြစ်လို့လဲ...
အဲ့လိုလုပ်မှာကို မကြိုက်ဘူးလား...”“ မကြိုက်ပါဘူး....”
ဟု မျက်မှောင်လေးကျုံ့ကာ
ပြန်ဖြေလေသည်...“ဘာလို့ မကြိုက်တာလဲ...”
ဟု ထပ်မေးလိုက်တော့
ချက်ချင်းပြန်မဖြေနိုင်ဘဲ
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...