35 😚

10.2K 1.1K 81
                                    

( Zawgyi )

ဆိုင်မှလာပို့သွားသည့် ပဲခေါက်ဆွဲပန်းကန်နှင့် မုန်လာဥအချဉ်ပန်းကန် ကိုသူထိုင်နေသည့်
ဧည့်ခန်းက စားပွဲပေါ်ကို အရင်တင်လိုက်ပြီး
ကြက်သားကြော်ကို ဆော့စမ်းထားသည့်
ဟင်းပွဲနှင့် သူ့အတွက်ဆန်ပြုတ်ကိုပါ
ထည့်ခဲ့ကာ သူ့အရှေ့တွင် ချလိုက်သည်...

ကျွန်တော်ကတော့ ကြမ်းပြင်ပေါ်တွင်
ထိုင်ချလိုက်ကာ ပဲခေါက်ဆွဲတစ်ပွဲကို
အားရပါးရမွှေလိုက်သည်....

“ ဒီမှာ ဆန်ပြုတ် လာစား....”

ဟု ခေါ်လိုက်တော့ စောင်ပုံထဲကနေ
အသံသေးသေးလေးဖြင့်

“ ဆန်ပြုတ်ကြီး စားချင်ဘူး...ဟင့်...”

“ ဆန်ပြုတ်မစားချင်ဘူးဆိုတဲ့အထိ
နားလည်တယ်...အနောက်က
ဟင့်က ဘာလဲ....”

ဟု သူ့ကို ပြန်မေးလိုက်တော့....
စောင်ပုံထဲကနေ ထွက်လာကာ
ကျွန်တော့ဘေးနား ကြမ်းပြင်

“ ကိုကိုကလည်း ကလေးက
ကိုကို့ကို ချစ်တယ်လေ....
ဆန်ပြုတ်ကြီးမစားချင်လို့ ပဲခေါက်ဆွဲလေး
နည်းနည်းလောက် ကျွေးပါနော်... နော်....နော်....”

“ ဘာမှလည်း မဆိုင်ဘူး...
အဲ့လိုပြောရင် ကျွေးရရောလား...”

“ ကိုကိုကလည်း ချစ်တယ်ဆို....”

“ ဘယ်သူပြောလည်း....ဘယ်တုန်းကလည်း
ပြောဖူးလို့လား....ချစ်တယ်လို့...”

ဟု ပဲခေါက်ဆွဲကို ရှလွတ်ရှလွတ်ဖြင့်
အားရပါးရ တစ်လုပ်စားရင်း
မေးလိုက်တော့.... သူက
ကျွန်တော်စားလိုက်သည့်ပုံကိုကြည့်ကာ
တံတွေးမြိုချလိုက်ပြီး....

“ ပြောတော့ မပြောဖူးဘူးလေ....
ဒါပေမယ့် ချစ်တယ်လေ
ဟုတ်တယ်မလား....”

အံမယ် ဟုတ်တယ်မလားနှင့်
အဆုံးသတ်လိုက်သည်ကိုကြည့်ခြင်းအားဖြင့်
သူသိနေပြီးသား အရာတစ်ခုကို
သေချာစေရန် ပြန်အတည်ပြုခြင်းဆိုသည့်
အဓိပ္ပာယ်ပင်....

“ မဟုတ်ပါဘူး....တော်စမ်းပါကွာ....
ဟျောင့်....ငါ့ကိုတကယ်လည်း
မချစ်ဘဲနဲ့ ပဲခေါက်ဆွဲစားချင်တာနဲ့
ချစ်တယ် ချစ်တယ် လာလုပ်မနေနဲ့....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Donde viven las historias. Descúbrelo ahora