68 😆

10.3K 1K 247
                                    

( Zawgyi )

မနက်က သူနမ်းလိုက်၍
ကျွန်တော့နှုတ်ခမ်း ပေါက်သွားပြီး
မာမီလုပ်ကျွေးသည့် တော့ပိုကီအစပ်ကို
မစားနိုင်သည့်အပြင် ငါးအူချောင်းအပူနှင့်ဟင်းရည်ကိုပါ မသောက်နိုင်ဘဲ
တစ်ရှူးရှူးတစ်ရှဲရှဲ ဖြစ်နေသည်ကြောင့်
ကျွန်တော့နှုတ်ခမ်း ပေါက်သည်ကို
လူမိသွားတော့သည်....

“ ငယ်လေး...
နှုတ်ခမ်းက ဘာဖြစ်တာလဲ...”

ဟု ကိုလေးက မေးလာသည်...
ကိုယ့်ဒုက္ခနှင့်ကိုယ်ဆိုတော့ ဘာမှမပြောရဲ...
သူ့ကို လာနမ်းခိုင်းလိုက်မိတာကိုး...
သူကတော့ ဘာမှမသိသည့် ဒီဇိုင်းနှင့်
တော့ပိုကီတွေကိုသာ တစ်ခုပြီးတစ်ခု
ကောက်စားနေသည်...

" ခွေးကိုက်တာ...."

ဟု ပြောလိုက်သော့လည်း ကျွန်တော့အား
မသိချင်ယောင်ဆောင်နေကာ
အသည်းအသန်စားနေသောသူ့ကို

“ စားစား...စားရင်းနဲ့
နင်ပြီး သေနေဦးမယ်...”

ဟု ပြောလိုက်တော့ မာမီက

“ အယ်...သားလေး...ကလေးကို
ဘယ်လိုကြီး ပြောလိုက်တာတုန်း...”

“ မသိဘူး...အမြင်ကပ်တယ်...”

“ ကလေးက အခုမှ ထနိုင်ပြီး ဒီလိုလေး
စားနိုင်တာကို...ဘယ်လိုဖြစ်လို့တုန်း...”

“ သူလုပ်ထားပြီး မသိချင်ယောင်
ဆောင်နေလို့လေ...သူကျတော့
ပါးဖြဲနားဖြဲ သွပ်နေတယ်...
သားကျတော့ စားလို့မရဘူး...”

ဟု ပြောလိုက်တော့ သူလေးက
မျက်နှာငယ်လေးလုပ်လိုက်ကာ
စားနေသည့် ခရင်းကို ပန်းကန်ထဲကို
အသာလေးချလိုက်ပြီး ကျွန်တော်ပြောလို့
ဆက်မစားတော့သည့် ပုံမျိုးလုပ်ပြနေသည်...

“ သား တော်ပြီ တီတီ...”

“ အပိုတွေ လုပ်မနေနဲ့...
မင်းဒီလောက်နဲ့ မဝဘူးဆိုတာ
ငါတို့သိတယ်....”

“ ကိုကိုကမှ မစားနိုင်တာ
Baek လည်း မစားတော့ပါဘူး...”

“ တော်ပါ...ငါ့ကို လူဆိုးဖြစ်အောင်လို့...
စားစရာ ရှိတာကိုစား...
ငါအပေါ်တက်တော့မယ်...”

ဟု ပြောကာ ထရန်လုပ်လိုက်သော်လည်း
ကျွန်တော့ လက်ကိုဆွဲလိုက်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Hikayelerin yaşadığı yer. Şimdi keşfedin