82 😕

7.7K 888 115
                                    

( Zawgyi )

“ စာကိုသေချာ အာရုံစိုက်ပြီးလိုက်သင်...
ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး...
သူငယ်ချင်းတွေကိုလည်းကြည့်ပေါင်း....
ကောင်မလေးချောချောလေးတွေ
အစ်ကိုကြီး ချောချောတွေကိုလည်းရှောင်...
နေ့ခင်း ထမင်းစားဆင်းရင်
ကိုယ့်ဆီဖုန်းဆက်...အခု အာဘွားပေး...”

ဟု ပြောလိုက်တော့ သူလေးက
ကျောပိုးအိတ်လေးကို လွယ်နေရင်းနှင့်
ကျွန်တော့ကို ဇတ်ခနဲလှည့်ကြည့်သည်...

ဟုတ်ပါသည်... ကျွန်တော်သူ့ကို
အခုကျောင်းလိုက်ပို့နေတာပါ...
ဒီနေ့က သူ့ရဲ့ First Uni day
ဖြစ်သည့်အတွက် ဆောင်ရန်ရှောင်ရန်တွေကို ပြောပြနေခြင်းဖြစ်သည်...

“ ကိုယ်ပြောတာ ကြားလားလို့...”

ဟုထပ်မေးလိုက်တော့
ခေါင်းလေးညိတ်ပြသည်ကြောင့်

“ ကြားရင် ပေးလေ...”

ဟုထပ်ပြောလိုက်တော့
ပြုံးတုံးတုံးရုပ်ကလေးဖြင့်
ကျွန်တော့ ပါးနှစ်ဖက်ကို
သူ့လက်ဝါးလေးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ နှုတ်ခမ်းဆီသို့ ပြွတ်ဆိုပြီး
လာနမ်းလေသည်...

“ ကောင်လေးတွေကိုလည်း ရှောင်နော်....
အကြောင်းမရှိ အကြောင်းရှာပြီး
ရောချင်နေတဲ့လူတွေ ရှိရင်လည်း
ကြည့်ကျက်ပေါင်းနော်...သိလား...”

“ သိပါတယ် ကိုကိုရဲ့...
Baek အဲ့လောက်တော့ သိနေပါပြီ...”

“ လာပြီး ရန်ရှာတဲ့လူရှိလည်း
ကိုယ့်ဘက်ကနေ ရှောင်လို့ရသ၍ ရှောင်...
ရှောင်လို့မရတော့ဘူးဆိုရင်တော့
ကိုယ့်ဘက်ကနေ ဦးအောင်
အရင်ဆုံးလုပ်ပစ်...လုပ်သာလုပ်...
ကျန်တာ ကိုယ်ဆက်ရှင်းမယ်...
ဟုတ်ပြီလား...”

“ ဟုတ်....”

ဟု တပ်သားတစ်ယောက်က ပြန်ဖြေသလို
သတိစွဲရင်း ပြန်ဖြေလာသည်...

“ လုပ်ရဲမှာရော ဟုတ်ရဲ့လား....”

ဟု ထပ်မေးလိုက်တော့ ရယ်ပြကာ

“ ဟဲဟဲ ... ပထမ အဆင့်မှာတင်
အဆင်ပြေအောင် ဆောင်ရွက်ပါ့မယ် ဗိုလ်ကြီး....”

ဟု အလေးပြုသလိုလေးလုပ်ကာ
ဖြေပြန်သည်...

“ ဘာ ပထမအဆင့်လဲ….”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now