61😢

10K 1K 175
                                    

( Zawgyi )

“ ဆုံးဖြတ်...မင်းစိတ်ကြိုက်ဆုံးဖြတ်...
မာမီတို့နဲ့ ပြန်လိုက်မယ်ဆိုရင်လည်း
ရတယ်..မင်းနဲ့ငါ ညိစွန်းထားတာ
ဘာမှ မရှိသေးဘူး...
မကျေနပ်သေးဘူးဆိုရင်လည်း
တရားစွဲလိုက်...ငါ တာဝန်ယူပါ့မယ်...

မင်းပျော်ဖို့ မင်းစိတ်ကျေနပ်ဖို့ပဲ
လိုအပ်တယ်....လုပ်...
မင်းစိတ်ကြိုက် ကြိုက်သလို
ဆုံးဖြတ်....”

ဟု ပြောပြီး ထိုင်နေရာမှထကာ
ထွက်သွားရန် လုပ်နေသည့်ကိုကို့အား
သူ့လက်ဖဝါးကြီးကို ကျွန်တော့
လက်နှစ်ဖက်ဖြင့် သေချာဆုပ်ကိုင်လိုက်ပြီး...

“ ကိုကို ကျွန်တော့ကို တကယ်ပဲ
သွားစေချင်တာလား...
ကျွန်တော့ကို မလိုအပ်တော့ဘူးလား...”

ဟု မေးလိုက်တော့

“ အဲ့မေးခွန်းက မင်းကိုမေးရမှာ...
ငါ့ကို အလိုမရှိတော့ဘူးမလား...
ဟုတ်လား...အဲ့ဒါကြောင့်
ငါ့အရိပ်အောက်ကနေ
ထွက်ပြေးချင်နေတာမလား....”

ဟု ကျွန်တော့ကို လှည့်ကြည့်ပြီး
မေးလာသည့် ကိုကို့လက်ကို
ဆွဲလိုက်ကာ ခုတင်ပေါ်ကို
ပြန်ထိုင်စေလိုက်သည်....

ပြီးတော့ ကိုကို့အနားကို ကပ်ကာ
ကိုကို့ပါးကို ကျွန်တော့လက်ဖြင့်
အုပ်ကိုင်ပြီး ကိုကို့နှုတ်ခမ်းဖျားဆီသို့
ကျွန်တော့နှုတ်ခမ်းကို ထိကပ်ထားမိသည်...

ဒီအနမ်းကနေ ကျွန်တော့အချစ်တွေ
အားကိုးမှုတွေ ကိုကို့အပေါ် ကျွန်တော့
တစ်ဘဝလုံး ပုံအပ်ထားမှုတွေကို
ကိုကိုမြင်ပါစေ...

မျက်ဝန်းကိုပါ မှိတ်ချလိုက်တော့
မျက်ရည်များက ပါးပေါ်သို့ စီးကျသွားသည်

ခဏကြာတော့ လူချင်းခွာလိုက်ကာ
ကိုကို့မျက်ဝန်းထဲကို သေချာစိုက်ကြည့်လိုက်ပြီး

“ ကိုကို ကျွန်တော့ကို ချစ်တယ်လို့
ထပ်ပြောပါဦးလား....”

ဟု ပူဆာလိုက်တော့ ကိုကိုက
မျက်နှာလွှဲသွားကာ

“ ထွက်သွားမယ့်လူက
အဲ့ဒါကြားပြီးတော့ ဘာလုပ်မလို့လဲ...”

ဟု ခပ်မာမာ ပြောလာသည်...

“ ပြောပေးပါ...နောက်ဆုံးအနေနဲ့ပဲ
ဖြစ်ဖြစ် ကိုကို့ဆီက ချစ်တယ်
ဆိုတာလေးကို ကြားချင်လို့ပါ...”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now