[ Zawgyi ]
စားသောက်ပြီး အိမ်ပြန်ရောက်တော့...
" မာမီ သားတို့ ပြန်ရောက်ပြီ..."
ဟု အိမ်ထဲကို ဝင်ဝင်လာချင်း
အကြောင်းကြားလိုက်သော်လည်း" အေးအေး..."
ဆိုသောပြန်ဖြေသံကလွဲလို့ ကျန်တာမရှိ...
ဒါပဲလား...ဘာမှ မမေးတော့ဘူးလား...
သင်တန်းဆင်းချိန်မဟုတ်သေးဘဲနှင့်
အိမ်ပြန်ရောက်လာကြသော
ကျွန်တော်တို့ နှစ်ယောက်အား
မာမီတို့က ဘာမှမထူးဆန်းသလို...
ဘာမှလည်း မမေးပေ...သူတို့ပုံစံက ကျွန်တော်တို့
ဒီလိုမျိုးပြန်ရောက်လာမှာကို
ကြိုသိထားကြသလိုလို....ဧည့်ခန်းတွင် ထိုင်နေသော
မာမီနှင့် ကိုလေးကို
တစ်ချက်ကြည့်လိုက်ပြီး
ကျွန်တော်က အပေါ်ထပ်ကို
တက်ရန် လုပ်နေချိန် ဟိုကလေးက
ကျွန်တော့လက်ကို ဆွဲလိုက်ကာ" ကိုကိုနေဦးလေ...
လက်ကို ဆေးထည့်ရဦးမယ်...
ကိုလေး... ကိုကို့လက်ကို
ဆေးထည့်ပေးပါလားဟင်....
ကိုကို့လက်မှာ သွေးတွေထွက်နေလို့..."ဟု ပြောလိုက်တော့မှ ကျွန်တော်တို့ကို
မသိချင်ယောင်ဆောင်နေသည့်
ကိုလတ်ရော မာမီရော ဘယ်ကနေ
ရောက်လာမှန်းမသိသည့် ကိုကြီးကပါ
ကျွန်တော့အနားကို ဝုန်းဆိုပြီး
ရောက်လာလေသည်....
ကျွန်တော့လက်ကို ဆွဲယူကြည့်ကာ" ငယ်လေး ဘာဖြစ်လာပြန်တာလဲ..."
ဟု ကိုကြီး၏အမေးကို ပုစိက
" ကိုကြီး...ကိုကို့ကို မဆူပါနဲ့နော်...
ကိုကိုက Baek ကိုစိတ်တိုပြီး
ကားကို ထိုးလိုက်လို့ပါ...
Baek က ကိုကို့ကို
စိတ်တိုအောင် လုပ်လိုက်လို့ပါ...
ကိုကို့ကို မဆူပါနဲ့နော်..."ဟု ကြားထဲက ဝင်ပြီးပြောလာသည်....
သူပြောလိုက်မှ ပိုတောင်ဆိုးသွားသေးသည်..." ကလေးက ဘာလုပ်လို့ ငယ်လေးက
အဲ့လောက်တောင် ဒေါသထွက်ရတာလဲ...
ကလေးကိုရော ဘာလုပ်လိုက်သေးလဲ..."စိတ်တိုလိုက်တာ...
ဒဏ်ရာဖြစ်လာတာက ကျွန်တော်....
အဲ့ဒါကို ဟိုကလေးကို စိတ်ပူပေး
နေကြသည်...
ESTÁS LEYENDO
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanficChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...