( Zawgyi )“ ကိုကို့ ခုနက Baek ကိုပေးမယ်ဆိုတာ
ဘာပေးမလို့လဲ...”ဟု မေးရင်း အောက်ထပ်က
ဧည့်ခန်းတွင် ထိုင်ကာဖုန်းသုံးနေသော
ကျွန်တော့ပေါင်ပေါ်သို့ ဝင်လှဲလေသည်...လူကြီးတွေ အကုန်လုံးက
သူတို့အခန်းတွေထဲမှာ ကိုယ်စီ
ဝင်နေကြသည်ကြောင့် ဧည့်ခန်းထဲတွင်
ကျွန်တော်တို့ နှစ်ယောက်တည်းသာ...“ ဟင်လို့....”
ဟု ကျွန်တော့ဆီက အဖြေမရသည်ကြောင့်
ထပ်မေးလာသည့် သူ့ကိုငုံ့ကြည့်လိုက်တော့
ကျွန်တော့ကို စိတ်ဝင်တစားကြည့်နေသည့်
မျက်ဝန်းကလေးတွေနှင့် တိုးလေသည်...“ အင်း...အခန်းထဲမှာ အဲ့ဒါက...”
“ ဘာကြီးလဲ အရင်ပြောပြပါလား...”
ဟု ချွဲကာမေးလာသည့် သူလေးအား
“ ကိုယ့် အလုပ်စားပွဲ အံဆွဲထဲမှာရှိတယ်...
သွားယူကြည့်....”ဟု ပြောလိုက်သည်ကြောင့်
ဘာမှ ထပ်မပြောတော့ဘဲ လှဲအိပ်နေရာမှ
ထသွားလေသည်.... ခဏကြာတော့
အပေါ်ထပ်ကနေ ပြန်ဆင်းလာကာ
ကျွန်တော့ဘေးနားတွင် ဝင်ထိုင်ပြီး“ ဘာကြီးတုန်း...”
ဟု မေးကာ သူ့လက်ထဲက
စက္ကူသေတ္တာကလေးကို
လှုပ်ရင်းမေးလေသည်....“ ဖွင့်ကြည့်လေယ...”
ဟု ပြောလိုက်သည်ကြောင့် ကျွန်တော့ကို
ဘာလဲဆိုသည့် အကြည့်ကလေးဖြင့်
ကြည့်ကာ ဗူးကို မယုံသင်္ကာပုံစံမျိုးဖြင့်
ဖွင့်လေသည်....ဖွင့်ပြီး အထဲထဲက စာရွက်ကိုတွေ့တော့မှ
“ ဟင်... ဒါကြီးက... စာချုပ်ကြီး..."
ဟုအရင်ပြောကာ စာရွက်ကို
အသံထွက်ပြီး ဖတ်လေသည်...." မြေအရောင်းအဝယ် စာချုပ်...."
“ ဟုတ်တယ်.....”
“ ကိုကိုဝယ်ထားတာလား...
ဘယ်က မြေကိုဝယ်လိုက်တာလဲကိုကို....”“ နာမည်ကိုဖတ်ကြည့်လေ... “
ဟု ပြောလိုက်တော့ စာချုပ်ကို
သေချာဖတ်ပြီး
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...