( Zawgyi )
ဒီတစ်ပတ်ပိတ်ရက်ကို
ဘယ်ကိုမှမသွားချင်တာကြောင့်
ကျွန်တော်တို့အိမ်လေးတွင်
သူငယ်ချင်းသုံးယောက်ဆုံကာ
ဟော့ပေါ့လေးလည်းစားကာ
အသားကင်နှင့်အရက်သောက်ရန်
စီစဉ်ထားကြသည်...ပြောစရာရှိသည်များလည်းပြောကာ
အလုပ်ကိစ္စများလည်း ဆွေးနွေးကြမည်ဟု
ရည်ရွယ်ထားတာကြောင့်
မနက်ရှစ်နာရီလောက်ကတည်းက
ကျွန်တော်တို့ အိမ်အသစ်တွင်
လာစုနေကြပြီဖြစ်သည်....အသားတွေ စားစရာတွေအကုန်လုံးကို
သူတို့ပဲဝယ်လာကာ ကျွန်တော်ကတော့
သောက်စရာကိုသာ အပြည့်ပြင်ဆင်
ထားပါဟု ပြောသည်....အသားကင်ရန်နှင့် ဟော့ပေါ့စားရန်အတွက်
ခြံထဲတွင် ပြင်ဆင်ထားချိန်ကတည်းက
သူလေးကလည်း ဝိုင်းပြီး ရှုပ်ပေး
အဲလေ မှားလို့...ပြင်ဆင်ပေးလေသည်...ဟိုဟာလေးပြေးယူပေးလိုက် ဒီဟာလေး
ပြေးယူပေးလိုက်ဖြင့် ကူပေးနေသည်...
လို့ပဲ ထားပါတော့...“ ကိုကို့... "
" ဗျာ..."
ဟု ထူးလိုက်တော့
" ကိုကိုကလေ Baekကို
ဘာလို့ ချစ်တာလဲ...”ဟု အရင်းမရှိ အဖျားမရှိ
ထမေးလိုက်သည်ကြောင့်
အသီးခွာနေရင်း ကျွန်တော်
သူ့ကိုလှည့်ကြည့်လိုက်မိသည်...ပြီးတော့" ဘယ်လိုဖြစ်လို့ အရင်းမရှိ အဖျားမရှိ
ကောက်ခါငင်ခါ ထမေးတာလဲ..."ဟု ပြန်မေးလိုက်တော့ သူက
" အရင်ဖြေပါ ကိုကိုရာ..."
ဟု ပြောလာသည်ကြောင့်
“ ဘာလို့ထင်လဲ...”
ဟု ပြန်မေးလိုက်တော့
“ Baek အရင်မေးတာလေ...
Baekကိုပြန်မမေးနဲ့လေ ကိုကိုကလည်း...”ဟု ကျွန်တော့ကိုပိတ်လာသည်...
“ အဲ့ဒါဆို မင်းကရော ကိုယ့်ကို
ဘာလို့ ချစ်တာလဲ...”“ ဟာ... ပြန်မမေးပါနဲ့ဆို...”
“ ဒါ ပြန်မေးတာ မဟုတ်ဘူးလေ...
သပ်သပ်မေးတာ...”
ESTÁS LEYENDO
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanficChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...