( Zawgyi )
ငဂျုံ့ဘီယာခွက်ကိုကိုင်လိုက်ပြီး
လက်ထဲကို နည်းနည်းလောင်းချလိုက်ကာ
အင်္ကျီရင်ဘတ်ကို ဟိုသုတ်ဒီသုတ်
နည်းနည်းလုပ်လိုက်သည်...ပါးစပ်ထဲကိုလည်း တစ်ငုံထည့်ကာ
ပါးလုပ်ကျင်းပြီးထွေးထုတ်လိုက်သည်....
ကျွန်တော်လုပ်နေသည်များကို
ဟိုနှစ်ကောင်ကလိုက်ကြည့်ကာ
မျက်နှာတွေက ရှုံ့မဲ့လျက်..." လူယုတ်မာ အကြံနဲ့..."
ဟူ ပစ်ပစ်နှစ်နှစ် ပြောကာ
ကျန်နေခဲ့ကြသည်....ခြံထဲကို ကားမောင်းပြီးဝင်လာတော့
ဟိုကလေးက အိမ်ပေါက်ဝလေးမှာ
ငုတ်တုပ်ကလေးထိုင်ကာ
ကျွန်တော်ပြန်မလာသေးလို့
စောင့်နေသည့်ပုံပါလေ...ဪကွာ...ချစ်ပါတယ်ဆိုမှ
အချစ်ပိုအောင် လုပ်နေပြန်ပါပြီ...ကားပေါ်ကနေ ယိုင်တိုင်တိုင်နဲ့
ဆင်းလိုက်တော့ အနားကို
ချက်ချင်းရောက်လာကာ
ကျွန်တော့ကို တွဲလိုက်ပြီး" ဟာ...ဟေ့ ကိုကို...
အများကြီး မသောက်လာပါနဲ့လို့
ပြောလိုက်တဲ့ဟာကို သောက်လာပြန်ပြီ ကြည့်...."ဟု ပါးစပ်ကနေလည်း ပွစိပွစိပြောကာ
ကျွန်တော့ကိုယ်ကြီးကိုမနိုင်မနင်းမနေသည်....မူးချင်ယောင်ဆောင်နေသည့်
ကျွန်တော်ကလည်း သူ့ကိုယ်လေးပေါ်ကို
အားပြုထားလိုက်သည်..." အီးးးးးး လေးလိုက်တာ ကိုကိုရာ...
ကိုကို့... လမ်းလေးနည်းနည်းလောက်
လျှောက်ဦးလေ...Baek ကိုချည်းပဲ
အားပြုမနေနဲ့...."ဟု ပြောလာပြန်သည်....
" ကိုကို့.... ဟာ ကိုကို့....
အဲ့လိုကြီးမထိုင်ချလိုက်နဲ့...
အခန်းထဲမှာသွားအိပ်မယ်လေ....
ဒီမှာအိပ်လို့မရဘူး...ထထ...
ကိုကိုက လိမ္မာတယ်..."ဆိုကာ ကျွန်တော့ကို ထိုင်မချစေရန်
အတင်းဆွဲမထားကာ လူကြီးလေးလို
ကျွန်တော့ကို လိမ္မာသလေး ဘာလေးနဲ့
ချော့ပြောနေပြန်သည်....
အသည်းယားစရာလေး....
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...