[ Zawgyi ]
" ဘာလဲကွာ...
ဘာတွေလာလုပ်နေတာလဲ...
ထပ်ကိုက်မလို့ လုပ်နေတာလား..."ဟု စိတ်တိုနေသည့် လေသံဖြင့်
မေးလိုက်တော့ သူက" မဟုတ်ပါဘူး ။ Baekက
ကိုကို့ကို တောင်းပန်ချင်လို့..."သူ့ကြည့်တော့ မူးနေတာ
မျက်လုံးတွေရော နှာခေါင်းတွေရော
ပါးတွေရော နီရဲနေတာကို
အေးအေးဆေးဆေး
အိပ်လိုက်ပါတော့လား...
အဲ့လိုလည်း မဟုတ်ဘူး ။
လိုက်ရစ်နေတာ...စိတ်ချ...မင်းကို နောက်တစ်ခါ
ငါ အရက်တိုက်မိရင် ကြိုက်သလိုပြော...
ဒီတစ်ခါတော့ ငါကိုယ်တိုင်
တိုက်ထားမိတဲ့အတွက် သည်းခံလိုက်မယ်..." မတောင်းပန်နဲ့...
မတောင်းပန်လည်းရတယ်..."" ကိုကိုက စိတ်ဆိုးနေတာကို
မတောင်းပန်လို့ မဖြစ်ဘူးလေ..."မတောင်းပန်နဲ့လို့ပြောနေတာကိုတောင်
အတင်းတောင်းပန်ချင်နေတာကြောင့်" ကဲတောင်းပန်စေဗျာ...
တောင်းပန်စေ..."ဟု ပြောလိုက်တော့
ကျွန်တော့အား ရီဝေဝေကြည့်ကာ" Baek တောင်းပန်ပါတယ် ကိုကို ။
Baek ကိုစိတ်မဆိုးပါနဲ့နော်..."" ဒီလိုပြောရုံနဲ့ ပြီးပြီလား..."
ဟု မေးလိုက်တော့...
" ဟင်....မပြီးဘူးလား..."
" မပြီးပါဘူး ။ ကိုက်ခံရတဲ့နေရာက
နာနေတာကို..."" ဟင်...အရမ်းနာနေတာလား ကိုကို။
Baek ကိုပြ...."ဆိုကာ ထိုင်နေရာမှ ထလာပြီး
အနာကိုကြည့်ရန် အနားကိုတိုးလာသည်...
အနာက ညာဘက်လည်ပင်းတွင်
ဖြစ်နေတာကြောင့် သူကြည့်မရဘဲ
ဖြစ်နေသည်...ထို့ကြောင့် သူဘာလုပ်လိုက်သလဲ
ဆိုတော့ ကျွန်တော့ပေါင်ပေါ်ကို
ခွထိုင်လိုက်သည်...ထိုသို့လုပ်လိုက်သည်ကို
သူတော့မသိ ကျွန်တော်တော့
ရင်တွေတုန်သွားသည်...သူလုပ်လိုက်သည့် အပြုအမူတွေကြောင့်
ကျွန်တော့မှာ ကျောက်ရုပ်ပုံစံဖြစ်ရတာ
ဒီတစ်နေ့တည်းမှာ နှစ်ခါတောင်ရှိပြီ...
ESTÁS LEYENDO
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanficChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...