( Zawgyi )
" အဟင့်...အဟင့်... မာမီ...
မာမီ...အားးးးးးး"ဟု အထိတ်တလန့်အော်သံနှင့်အတူ
အိပ်နေရာကနေ ဝုန်းခနဲထထိုင်လိုက်သည့်
Baek...ရင်ဘတ်အစုံကလည်း နိမ့်ချည်မြင့်ချည်နှင့်
အသက်ကို ပြင်းပြင်းထန်ထန်ရှူနေကာ
မျက်နှာမှာလည်း ချွေးတွေက စို့လို့...ကျွန်တော့ပုခုံးကို လှုပ်ကာ
ပြောနေသည်ကိုလည်းကြားသည်...
Baek ပါးကို ဖွဖွလေးကိုင်ကာ
ပြောနေသည်ကိုလည်း ကြားသည်....သို့သော် စိတ်က အိမ်မက်ထဲတွင်သာ
ရှိနေသေးသည်ကြောင့် ဘာကိုမှ
သဲသဲကွဲကွဲ မကြားရချေ....
အသိစိတ်ကို ကပ်လိုက်ကာ
ပတ်ဝန်းကျင် မှောင်မည်းမည်းထဲကို
အားစိုက်ပြီးကြည့်လိုက်တော့
ဖယောင်းတိုင်မီးလေး နှစ်တိုင်က
ထွန်းလိုက်လို့....ထပ်ပြီးဝေ့ဝိုက်ကာ ထပ်ကြည့်လိုက်တော့မှ
Baek အရှေ့တွင် Baek ကို စိုးရိမ်နေသော
မျက်လုံးများဖြင့် သေချာစိုက်ကြည့်နေကာ
Baek ပုခုံးကို စုံကိုင်ထားသော ကိုကို့ကို
တွေ့လိုက်ရသည်...ကိုကို့ကို တွေ့လိုက်တော့မှ
အားကိုးရာရသွားသည့်နှယ်
ကိုကို့ရင်ခွင်ထဲကိုဝင်ပြီး ငိုမိသည်...." ဟင့်...ဟင့်...ကိုကို့..."
ကိုကိုကတော့ ဘာဖြစ်သလဲ ဘာလဲ
တစ်ခွန်းမမေးပါဘဲ ငိုနေသောကျွန်တော့ကိုသာ
တင်းတင်းကြပ်ကြပ် ပြန်ဖက်ပေးထားသည်...
ပြီးတော့လည်း"အင်း...အင်း...ကောင်းသွားပြီ...
ကောင်းသွားပြီ ဘာမှမဖြစ်တော့ဘူး..."ဟု ကျွန်တော့ ခေါင်းလေးကို ဖွဖွလေး
ပွတ်ပေးနေကာ သူ့လက်မောင်းကြီးတွေနှင့်
လုံခြုံမှုရှိသည်ဟုပင် ထင်ရအောင်ကို
တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပေးထားသည်...
ပြီးတော့ ချက်ချင်းကို" မင်း ဖျားနေတာလား...
ကိုယ့်ကိုယ်ကြည့်စမ်း...မှန်း..."ဆိုကာ ငိုနေသော ကျွန်တော့အား
သူ့ရင်ခွင်ထဲကနေ ထုတ်ကာ
ကျွန်တော့ နဖူး ၊ ပါး ၊ လည်ပင်းပါမကျန်
အကုန်လုံးကို လိုက်စမ်းပြီး
လက်ကောက်ဝတ်က သွေးခုန်နှုန်းကိုပါ စမ်းသပ်လာကာ နောက်ဆုံး
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...