28 😁

10.7K 1.1K 87
                                    

[ Zawgyi ]

“ ကိုကို...ကိုကို...ကိုကို...”

ဟာကွာ...အိပ်နေတာကို ဆူညံနေတာပဲ... ဟူးးးးးးး ခွေးပေါက်ကတော့ မွှေပြန်ပြီ...
ပိတ်ရက်ကလေးတောင်
အိပ်ကောင်းခြင်းနဲ့ မအိပ်ရဘူး...
လာခဲ့ အခန်းထဲရောက်မှ
ကန်ထုတ်ပစ်မယ်...

မနက်ကလည်း အစောကြီးလာနှိုးပြီး
ဝက်သားကင်ကို ဘယ်အချိန်
ဝယ်ကျွေးမှာလဲဟု မေးနေလို့
ကန်လွှတ်ပြီးပြီ...

အခုလည်း နေ့ခင်းကို
တစ်ရေးတစ်မောအိပ်မလို့ပါဆိုမှ
လာနှောင့်ယှက်ပြန်ပြီ...
ငါလည်း ဒီဟာလေးနဲ့ကျမှ သေမှာပဲ...

သိပ်မကြာခင် အခန်းထဲကို
ရောက်လာတော့မည်ဟု သိနေတာကြောင့်
တံခါးပေါက်ဘက်ကို လှည့်ပြီးအိပ်နေရာမှ
ကျောပေးပြီး ဒီဘက်ကို
လှည့်အိပ်လိုက်ကာ နားပေါ်ကို
ခေါင်းအုံးဖြင့် ဖိထားလိုက်သည်...

အခန်းထဲ မရောက်ခင်က
လှေကားပေါ်ကနေ
ပြေးတက်လာကတည်းက
ကျွန်တော့ကို အော်ခေါ်လာပြီး
အခန်းထဲကို တံခါးတောင် မခေါက်ဘဲ

“ ကိုကို..ကိုကို...ကိုကို....”

ဟု ပါးစပ်ကနေ တောက်လျှောက်
အော်ရင်း ဝင်ချလာသည်...
သူ့လက်သူ့ခြေလုပ်နေတာ
အခန်းထဲကိုလည်း အကြောက်အလန့်မရှိ
တစ်ဇွတ်ထိုး ဝင်ဝင်လာတယ်...

“ ကိုကို...”

ဟု ခုတင်ပေါ်ကို ထိုင်ချလိုက်ရင်း
ခေါ်ပြန်သည်... သူခေါ်တာကို
ပြန်မထူးတော့ ကျွန်တော့နားကို
ဖိထားသော ခေါင်းအုံးကို ယူဖို့
ကြိုးစားနေပြန်သည်...

တစ်ဖြည်းဖြည်းချင်း ဆွဲယူနေတာကြောင့်
မသိချင်ယောင်ဆောင်ပြီး
လွှတ်ပေးလိုက်ရသည်...

ခေါင်းအုံးလွတ်သွားသည်နှင့်
ကျွန်တော့လက်မောင်းကိုကိုင်ကာ
သူ့ဘက်ကို ဆွဲလှည့်နေပြန်သည်...

လှည့်လို့လည်း မရရော
ခုတင်ပေါ်ကို အိခနဲတက်လာကာ
ကျွန်တော့ခြေထောက်နားကနေ
ကျွန်တော်လှည့်အိပ်နေသည့်ဘက်ကို
လိုက်လာပြီး ကျွန်တော့ဗိုက်နားတွင်
လာထိုင်ပြန်သည်....

ဘာလုပ်ဦးမလို့လဲ မသိဘူး.....
မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပဲ...
တွေးနေတုန်းရှီသေးတယ်....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Donde viven las historias. Descúbrelo ahora