[ Zawgyi ]
" တီတီ...ဟင့်...ဟင့်..."
ဆိုကာ မာမီတို့ ခရီးထွက်ခါနီး
သူ မလိုက်ရတော့၍
ငိုနေခြင်းဖြစ်သည်...တစ်အိမ်လုံးသွားကြရန်
စီစဉ်ထားသော်လည်း
ညနေဘက်အထိ သူ့အဖျားက
မကျသေးတာကြောင့် ခေါ်မသွားရန်
ဆုံးဖြတ်ခဲ့ကြသည်...ဒယ်ဒီရယ် မာမီရယ်နှင့် ကိုလေးက
ကားတစ်စီး စီးကာ
ခရီးဆောင်အိတ်တွေနှင့်
အချို့လိုအပ်သည့်ပစ္စည်းတွေ
တင်ထားသည့် ကားကိုတော့
ကိုကြီးက တစ်ယောက်တည်း
မောင်းကာ သွားရန်စီစဉ်ထားကြသည်...အခုတော့ ထိုခွေးပေါက်ငိုနေတာကြောင့်
တစ်ယောက်မှလည်း မသွားရသေးပေ။
မာမီက သူငိုတော့ စိတ်မကောင်းဘဲ
မျက်နှာပင် ပျက်နေပြီ...ခရီးသွားခါနီးကို စိတ်ကို
စနိုးစနောင့်ဖြစ်အောင်
မလုပ်သင့်တာကြောင့်
ကျွန်တော်ကပင်" မင်းနေမကောင်းလို့ မလိုက်ရတာလေ။
လူကြီးတွေ စိတ်မကောင်းဖြစ်အောင်လို့
ငိုမနေနဲ့... လေယာဉ်ချိန်တွေ
နောက်ကျကုန်လိမ့်မယ်။
သွားခိုင်းလိုက်တော့..."ဟု ကျွန်တော်က ဝင်ပြောတော့
တရှုံ့ရှုံ့လုပ်ကာ မာမီ့ရင်ခွင်ထဲကိုတောင်
ဝင်သွားသေးသည်..." လာ...လာတော့...တော်ပြီ...
ငိုရင် ပိုဖျားလိမ့်မယ်...ဖျားရင်
ဆေးတွေသောက်ရလိမ့်မယ်
မင်းဖျားရင် သောက်ဖို့ဆိုပြီး
ကိုလေးက ဆေးတွေ အများကြီး
ပေးသွားတယ်...."ဟု ပြောလိုက်တော့ ငိုနေတာ
တိခနဲရပ်သွားသည်....
ဆေးအသံကြားမှ တိတ်သွားတာ
ကြည့်ဦး ကလေးကျနေတာပဲ။
ပြီးတော့ မာမီ့ရင်ခွင်ထဲကနေ
ကျွန်တော့ကို မျက်စောင်းလှမ်းထိုးသည်..." သွားသွား...မာမီတို့သွားတော့...
လေယာဉ် နောက်ကျနေလိမ့်မယ်..."ဟု ကျွန်တော်ကပင်ပြောကာ
သူ့ကို ဂုတ်ကနေ လှမ်းဆွဲပြီး
ရင်ခွင်ထဲထည့်ထားကာ
ပုခုံးကို အတင်းဖက်ပြီး
ခေါ်ထားလိုက်သည်...သူ့ကိုအတင်းညှစ်ထားသလိုဖြစ်နေတော့
အငြိမ်မနေဘဲ ကျွန်တော့လက်ထဲကနေ
လွတ်အောင် ရုန်းနေသည်...
BẠN ĐANG ĐỌC
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...