65 😔

10.1K 1.1K 180
                                    


( Zawgyi )

စိတ်အရမ်းတိုနေတာကြောင့်
ဒေါသကို မထိန်းနိုင်ဘဲ
" တောက် "ကို ခပ်ပြင်းပြင်း
တစ်ချက်ခေါက်လိုက်ကာ
ငဆယ့်ဆီဖုန်းတစ်ချက် ဆက်လိုက်သည်...

“ ငဆယ်...ဟိုလူ အဲ့မှာရှိလား...”

“ အင်း ရှိတယ်... သူမနေ့က
ကာစီနိုမှာ အကြီးအကျယ် ရှုံးသွားတယ်...
အဲ့ဒါကြောင့် ဒီမှာလာကြေကွဲနေတယ်...”

“ အဲ့ကောင်ကို မပြန်စေနဲ့....
ငါသူ့ကို ဒီနေ့သတ်မလို့...”

ဟု ပြောကာ ကားလီဗာကို ဖိနင်းကာ
တရကြမ်းမောင်းသွားလိုက်တော့သည်...

Club ထဲကို ဝင်လိုက်သည်နှင့်
ငဆယ်ရော ငဂျုံရောက ကျွန်တော့ကို
စောင့်နေသည်....

"ဟိုကောင် ဘယ်မှာလဲ..."

ဟု မေးလိုက်တော့ ဘယ်မှာဆိုသည့်
အကြောင်းအား ပြောပြရင်း
ဘာဖြစ်လာတာလဲဟု
ဝိုင်းမေးကြသည်ကြောင့်
အတိုချုံးကာ ပြောပြလိုက်သည်...

ပြီးတော့ ထိုလူကို Club ၏
ချောင်ကျကျနေရာတစ်ခုသို့
ဆွဲခေါ်လာခိုင်းကာ

“ ခွမ်း....”

ခေါင်းကို ဘေးနားက ဘီယာပုလင်းနဲ့
ရိုက်ချပစ်လိုက်တော့ ခေါင်းကသွေးတွေ
စီးကျလာသည်....

“ ခွပ်.....”

မျက်နှာကို တစ်ချက် ထပ်ပြီး
ပိတ်ထိုးပစ်လိုက်တော့ ထိုလူက
လဲကျသွားသည်....

ဒါတင်အားမရသေးဘဲ
လဲကျသွားသည့်သူ့ဗိုက်ကို
တစ်ချက် ပစ်ကန်လိုက်သည်...

ဘေးနားက လူတွေကို မျက်ရိပ်မျက်ခြေပြကာ
ထိုလူအား ပြန်ထူခိုင်းလိုက်သည်...
ထိုလူအား ဆွဲထူပြီးတာနှင့်
နောက်တစ်ချက် အားပြင်ပြင်းနှင့်
ထပ်ထိုးလိုက်ပြန်သည်....

ထပ်ပြီးလဲကျသွားသည့် ထိုလူ့နားသို့
ဒူးထောက်ထိုင်ချလိုက်ကာ
စိတ်ကြိုက် ဒေါသတွေ ငြိမ်းသွားသည်အထိ
အချက်ပေါင်းများစွာ ထိုးလိုက်သည်....

ထိုးနေရင်းနှင့် လက်လွန်သွားမှာ
စိုးတာကြောင့် ငဆယ်နှင့်ငဂျုံက
ကျွန်တော့လက်ကို တစ်ဖက်ဆီ
အတင်းချုပ်ထားကာ ဆွဲခေါ်သွားသည်....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Donde viven las historias. Descúbrelo ahora