[ Zawgyi ]
“ ဟုတ်တယ်...မုန်းတယ်...
မုန်းတယ်...ကိုကို့ကို မုန်းတယ်....”ဟု မျက်လုံးကို စုံမှိတ်ကာ
အော်ပြောလိုက်မိသည်...“ ဟင်...”
မထင်မှတ်ထားသော Baek ၏
အဖြေစကားကြောင့်
ဘာဆက်ပြောရမည်ကို
မသိတော့ဘဲ Baek ကိုသာ
စိုက်ပြီးကြည့်လိုက်ချိန်
Baek ကလည်းကျွန်တော့ကို
သူ့မျက်ဝန်းလှလှလေးတွေနှင့်
မော့ကြည့်လာကာ“ ကိုကိုသိချင်တာ သိရပြီမလား...
Baek ကိုလွှတ်ပေးတော့...”ဟုပြောကာ ကျွန်တော့လက်ဖဝါးကြီးထဲက
သူ့လက်ကလေးတွေကို
ဆွဲထုတ်လာပြန်သည်....“ မလွှတ်ပေးဘူး...”
“ ဟင်...”
“ ဘာလဲ မင်းက ဟိုကောင်ကို
ချစ်နေတာလား...”ဟု မေးလာသည့် ကိုကို့ကိုစိုက်ကြည့်ပြီး
ကျွန်တော်အံ့သြသွားကာ“ ဟုတ်တယ်...”
ကျွန်တော်ချစ်တာ
ဘယ်သူပါဆိုတာကိုလည်း
ကိုကို့ကို ကျွန်တော်သေသေချာချာ
ပြောပြထားပါလျက်
နောက်ပြီးကျွန်တော့ကို အနမ်းတွေ
ဇွတ်ပေးပြီးမှ တွေ့ကရာလူနှင့်စွပ်စွဲသည့်
ကိုကို့အားအရွဲ့တိုက်ကာ
စူးစိုက်ကြည့်ပြီးဖြေပစ်လိုက်သည်...သူ မထင်မှတ်ထားသည်ကို
ကြားလိုက်ရတာကြောင့်
ကိုကိုက စိတ်တိုသွားကာ
မခံမရပ်နိုင်ဖြစ်သွားသည့် ပုံပါလေ...“ ဒီလောက်ဖြစ်လှတာ လာစမ်း...”
ဟု ကျွန်တော့အား သူ့ရင်ဘတ်ထဲ
ပြန်ဆွဲထည့်ကာ ထပ်နမ်းရန်
လုပ်လိုက်သည်ကို ကျွန်တော်က“ ဟင့်အင်း...နမ်းနဲ့ဆို....”
ဟု ပြောလည်းမရ....
အတင်းကို အနမ်းတွေခြွေနေသော
ကိုကို့၏မေးစိကို ကျွန်တော့လက်ဖဝါး
နှစ်ဖက်ဖြင့် ပင့်ကာ ကိုင်ပြီး
ကျွန်တော့မျက်နှာနှင့်ဝေးရာကို
တွန်းလိုက်မိသည်....တွန်းလိုက်သည့်တစ်ခဏ
ကိုကို့မေးစိက မုတ်ဆိတ်မွှေး
ငုတ်တိုလေးတွေက
ကျွန်တော့လက်ကိုစူးတော့
KAMU SEDANG MEMBACA
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
Fiksi PenggemarChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...