[ Zawgyi ]
"ဟဲ့ ပြန်လာမယ်ဆို ကြိုပြောနော်...
င့ါသူငယ်ချင်းတစ်ယောက်က
ဒီမှာ လာနေမယ်ပြောလို့
နင့်အခန်းကို ပေးသုံးထားမလို့..."ဟု ဟိုမိန်းမက ခွင့်တောင်းခြင်းမမည်သော
စည်းကျော်သည့်စကားတစ်ခွန်းကို
ပြောလာသည်...ဘယ်လိုလူတွေတုန်း...ခွင့်ပြုသံလည်း မကြားရသလို
ငြင်းဆိုသည့်အသံလည်း မကြားရ၍
သူ့မျက်နှာလေးကို ငုံ့ကြည့်လိုက်တော့
ဘာဖြေလို့ ဖြေရမည်မှန်း
မသိသလိုပုံစံလေးနှင့် ခေါင်းလေးငုံ့ကာ
အကြပ်ရိုက်နေသလိုလေး
ဖြစ်နေသည်..ဒီအချိန်အထိ ဒီလိုပဲနေလာခဲ့တာလားကွာ...
သူတို့ပြောသမျှကို သဘောတူလို့ပဲဖြစ်ဖြစ်
ကြောက်ပြီး လွန်ဆန်လို့မရလို့ပဲဖြစ်ဖြစ်
အမြဲတမ်း ခေါင်းညိတ်ပြီး
လက်ခံခဲ့ရတာလား...
လက်မခံချင်သည့်ပုံလေးဖြစ်နေသည့်
သူ့နားလေးနားကို ကပ်လိုက်ကာ" ဘယ်လိုလဲ လက်ခံမှာလား..."
ဟု တိုးတိုးလေး မေးလိုက်သောအခါ
မျက်ရစ်မရှိသည့် မျက်ဝန်းလေးနှင့်
ကျွန်တော့ကို မော့ကြည့်ကာ
သူလေး သဘောမတူလိုကြောင်းကို
မျက်ဝန်းလေးဖြင့် အဖြေပေးလာသည်လေ..ရပြီ ကလေး... အဲ့လောက်ဆို
ကိုယ်ဖြေရှင်းပေးလို့ရပြီ...တွေ့တာမှ နာရီဝက်တောင်
မပြည့်သေးတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို
ကျွန်တော် ဖတ်တတ်ခဲ့ပြီလား...ဒါနဲ့များ ဒယ်ဒီတို့က ကျွန်တော့ကို
အလိုက်ကမ်းဆိုးမသိဘူးတို့....
အရိပ်အခြေလည်း မသိဘူးတို့
တအားပြောကြတာပဲ..." ဟိုလေ ဒီအိမ်မှာ အခန်းအပိုတွေ
ဘာတွေ မရှိတော့ဘူးလား...
အရင်က ဧည့်သည်လာရင်ရော
သူ့အခန်းမှာပဲ တည်းတာလား..."ကျွန်တော်မေးလိုက်တော့လည်း
ထစ်အ ထစ်အ ဖြင့် ပြန်ဖြေလာကြပြန်သည်..." အဲ့...အဲ့လိုတော့ မဟုတ်ပါဘူး..."
"ကိုယ်မရှိတဲ့အချိန်မှာ
ကိုယ့်အခန်းကို သူစိမ်းတစ်ယောက်
ဝင်သုံးနေတာကို ဘယ်သူမှ
မကြိုက်ဘူး...ကျွန်တော်ဆိုလည်း
မကြိုက်ဘူး...အစ်မဆိုရင်လည်း
ကြိုက်မှာမဟုတ်ဘူးလေ...
ဟုတ်တယ်မလား...
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...