[ Zawgyi ]
သူငိုနေစဉ် ဘာမှမပြောဘာမှမချော့ဘဲ
ငိုချင်တိုင်းပေးငိုထားလိုက်တော့သည်....
သူငိုလို့ပြီးသွားတော့မှ..." ဒီနေ့သင်တန်းမသွားနဲ့တော့...
ခွင့်လှမ်းတိုင်ပေးမယ်...
ရေခဲမုန့်စားမှာလား..."ဆိုကာ ချော့မလို့ ပြေလည်ရာ
ပြေလည်ကြောင်း ပြောလိုက်သော်လည်း" ရတယ်...ရေခဲမုန့်မစားဘူး...
သင်တန်းပဲသွားမယ်..."ဆိုပြီး ကားတံခါးကိုတွန်းဖွင့်ပြီး
ထွက်သွားရန် လုပ်နေတာကြောင့်
ကျွန်တော့ထိုင်ခုံဘက်ကနေ
Lock ချလိုက်တော့" တံခါးဖွင့်ပေး...ကျွန်တော်
သင်တန်းသွားမလို့..."သူ့ကိုယ်သူ Baek ဟု သုံးနှုန်းနေကျ
ကလေးက ကျွန်တော်ဟုပင်
သုံးနှုန်းနေသည်...အခြေအနေကို
ကြည့်ရတာတော့ နည်းနည်းလေး
ပြင်းထန်သည့်ပုံတွင်ရှိသည်..." မသွားနဲ့တော့လို့ ပြောနေတယ်လေ..."
ဟု ထပ်ကာ တားလိုက်သော်လည်း
" သွားမှာပဲ...သင်တန်းကို
ကိုယ့်ဘာ့သာ ရောက်အောင်ကို
သွားဦးမှာ..."ဟော သူစိတ်ကောက်နေရခြင်း၏
အကြောင်းအရင်းကို
အရိပ်အမြွတ်လေးလောက်တော့
သိလိုက်ရပြီထင်ပါသည်...သင်တန်းကို တစ်ယောက်တည်း
သွားခိုင်းလိုက်လို့ စိတ်ကောက်နေသည့်
ပုံဆိုတော့ ချော့ရတော့မည်လေ..." ငါ့ကိုစိတ်ကောက်နေတာလား..."
ဟုမေးကြည့်မိတော့ ခေါင်းကိုရမ်းပြကာ
" စိတ်မကောက်ရဲပါဘူး...
နောက်ပြီး ကျွန်တော်စိတ်ကောက်လည်း
ကိုကိုက ချော့မှာမှ မဟုတ်တာ..."ဟု ချက်ချင်းပြန်ပြောလာသည်...
" အဲ့ဒါဆို ဘာလို့ငိုတာလဲ..."
ဟု မေးလိုက်တော့
" ဝမ်းနည်းလို့..."
ဟု မဆိုင်းမတွပြန်ဖြေလာသည်...
" ဘာလို့ဝမ်းနည်းတာလဲ..."
" ကိုကိုက Baek လာနှိုးတာကို
ကောင်းကောင်းမထလို့...
VOUS LISEZ
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...