( Zawgyi )ကိုကိုက မေးစရာရှိသည်ဟု
ပြောလာတော့ ဘာမေးလို့
မေးမည်ကိုလည်းမသိသလို...
ဘာပြန်ဖြေလို့ ဖြေရမည်ကိုလည်းမသိ...ကိုကိုလိုချင်သည့်အဖြေကို
မပေးနိုင်လို့ ကိုကို စိတ်ဆိုးမှာကိုလည်း
ကြောက်သည်...စိတ်ရှုပ်နေသည်ကို
ကျွန်တော်ပြောလိုက်သည့်
စကားများကြောင့်
ပိုပြီးလည်း စိတ်မရှုပ်စေချင်ပါ...ထို့ကြောင့် မေးလာမည့်
မေးခွန်းကိုစောင့်ရင်း ဘာရယ်မဟုတ်
လက်ထဲက ပန်းချီစာရွက်တွေကိုသာ
ဟိုစီဒီစီလုပ်နေမိသည်...ထိုအချိန်တွင်“ မင်းစဉ်းစားပြီးပြီလား....”
ဟု ကိုကိုကမေးလာသည်...
“ ဗျာ...”
ဘာကို စဉ်းစားရမှာလဲ...
စဉ်းစားရမယ့်သူက
ကိုကိုမဟုတ်ဘူးလား...
ဘာ့ကြောင့်ကျွန်တော့ကို
စဉ်းစားပြီးပြီလားဟု
မေးရတာလဲ ကိုကို...ဘာကိုရည်ရွယ်ပြီး မေးမှန်း
မသိတာကြောင့် မျက်နှာကိုသာ
လွှဲလိုက်ကာ“ Baekက ဘာကိုစဉ်းစားရမှာလဲ...”
ဟု ပြန်မေးလိုက်တော့
ကိုကိုက သက်ပြင်းချကာ“ ဟိုကောင်က မင်းကို
ချစ်ခွင့်ပန်ထားတာကို
လက်ခံမှာလားလို့ မေးတာ....”သြော်...ဘာများလဲလို့ ကိုကိုရယ်...
ကိုကို့ကိစ္စမဟုတ်ဘဲ
ကျွန်တော့ကိစ္စတဲ့လား...
ဒီအချိန်မှာ အဓိက စဉ်းစားရမှာ
ကိုကို့ကိစ္စ မဟုတ်ဘူးလား....“ Baek သူ့ကို
လက်မခံချင်လို့တောင်
ရှောင်နေပါတယ်ဆိုမှ...”“ မင်းစိတ်ထဲကရော
တကယ်ပါရဲ့လား...”ဟု ကျွန်တော့ကိုသေချာစိုက်ကြည့်ပြီး
မေးလာသည်...ဘာကိုစိတ်ထဲက ပါရဲ့လားလို့
မေးနေရတာလဲ...စိတ်ထဲကမပါဘဲနဲ့
ဟန်ဆောင်ပြီး ပြောနေတယ်လို့
ထင်လို့များလား...ကိုကို အဲ့လိုထင်ရအောင်
ကျွန်တော် အနေအထိုင်
မဆင်ခြင်မိတာ
တစ်ခါမှ မရှိခဲ့သလိုပဲနော်ကိုကို...
ပြန်စဉ်းစားပါဦး...
ESTÁS LEYENDO
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanficChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...