[ Zawgyi ]
" ဟျောင့် ငချန်း သောက်လေကွာ
နည်းနည်းလောက်ဖြစ်ဖြစ်..."" ငါ ဆိုင်ကယ် မောင်းရဦးမှာလေကွာ
ငဂျုံရာ...ငဆယ်နဲ့သာ သောက်စမ်းပါ..."သူငယ်ချင်းသုံးယောက်
ကျောင်းတက်ကတည်းက
အမြဲထိုင်နေကျ ဆိုင်လေးတွေထဲက
တစ်ဆိုင်ဖြစ်သော ဒီဆိုင်လေးသည်
ကြက်ကြော်နှင့် ဘီယာကိုသာ
Specialist ရောင်းသော
ဆိုင်လေးဖြစ်တာကြောင့်
ကျွန်တော်တို့လို အဖွဲ့လိုက်ကလေးတွေသာ
လာစားကြသည်က များသည်...ကျောင်းသားအဖွဲ့ကလေးတွေလည်း
ရှိသလို ကျွန်တော်တို့လို
ကျောင်းပြီး၍ ဘွဲ့ရပြီးသည့်တိုင်အောင်
ထိုင်နေကြတုန်းဖြစ်သည့်
လူများလည်း ရှိသည်...
ငဂျုံက ဘီယာကို တစ်ငုံသောက်လိုက်ကာ" အဲ့တော့ ပြောပါဦး...
ဟိုကလေးက အိမ်ရောက်လာပြီလား..."ကျွန်တော်ကတော့ Sprite ဗူးကိုသာ
ဖောက်သောက်ရင်း"အင်း... ရောက်လာပြီ..."
" အခြေအနေ..."
" ဘာ အခြေအနေလဲ...
အားလုံး fine တယ်...
စိတ်ကလေးနည်းနည်း
တိုရတာကလွဲလို့..."" ဘာဖြစ်လာလို့လဲ.."
" ငါနဲ့တော့ မဆိုင်ပါဘူးကွာ...
အဲ့ကလေးကြောင့်ပါ...သူ့အိမ်က
သူ့ကိုအနိုင်ကျင့်တယ်ဆိုတဲ့ လူတွေကို
စိတ်တိုလာလို့..."ဟုပြောလိုက်တော့ ငဆယ်က
" မင်းနဲ့လည်း မဆိုင်ဘဲနဲ့..."
" အေးလေ ငါပြောပါတယ်...
ငါနဲ့မဆိုင်ပါဘူးလို့..."" ဘာတွေဖြစ်လို့..."
" ပေါ်တင်ကြီးတွေယုတ်တာကွာ သိလား...
အနိုင်ကျင့်တာတွေကို ဒီအတိုင်း
ငြိမ်ခံနေလို့ ဒေါသထွက်လာတာ...
ငါ့ကျတော့ တစ်ခွန်းမကျန်
ပြန်ခံပြောတယ်..."" မင်းက ဘာတွေသွားပြီး
စလဲမှ မသိတာ..."ချစ်ဖို့ကောင်းချက်ပဲ...
သူငယ်ချင်းတွေဆိုတော့
ဟိုဘက်အပြစ်ကို မပြောဘဲ
ကျွန်တော့အပြစ်ကို အရင်တွေးတာ" ဘာမှ မစဘူး...
မစဘဲနဲ့ကို မကြောက်တာ ငါ့ကို..."" မင်းကိုကြောက်စေချင်လို့လား..."
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...