45 🤗

9.9K 1.1K 132
                                    

( Zawgyi )

လမ်းထဲကို ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့်
ဝင်လာကြသည်....

“ မေ... အိမ်တော့
မပြိုလောက်သေးဘူးမလား...”

ဟု ဖေဖေက နောက်သလိုပြောတော့
မေမေက ရယ်ကာ

“ သားငယ်ပြောသလို အိမ်ခေါင်မိုးတော့
စစ်ကြည့်လိုက်ပေါ့..ဖေရယ်..."

ဟု ပြန်ပြောလေသည်....
ကျွန်တော်က ကားမောင်းလာရင်းဖြင့်

“ ဖေဖေ့သား လူဆိုးလေးရဲ့
ဘေးကအခန်းက တံခါးကိုတော့
တစ်ချက်လောက်စစ်ပေးလိုက်ပါဦး….”

ဟု ပြောလိုက်တော့ ဖေဖေက

“ ဟေ...ဘာဖြစ်လို့လဲ...”

“ နှစ်ယောက်သား ရန်ဖြစ်ပြီး
ဟိုကလေးက အခန်းတံခါးပိတ်ပြီး
စိတ်ကောက်တော်မူတယ်တဲ့လေ...

တံခါးကိုဖွင့်မရဘူးလို့ ပြောလို့
ဖေဖေ့သားကို သားကပြောတယ်...
အခန်းတံခါးသော့ကို ယူမလားလို့
မေးတာကို ဘာပြန်ပြောတယ်ထင်လဲ...

အိမ်ကတံခါးတွေက သူနှစ်ချက်လောက်
ကန်လိုက်တာနဲ့တင် ပွင့်တယ်တဲ့လေ...

ပြီးတော့မှ ဘာပြောလဲဆိုတော့
သစ်ပင်ပေါ်ကနေတက်ပြီး
ပြတင်းပေါက်ကနေ ကျော်ဝင်မှာပါတဲ့...
တံခါးကို မဖျက်စီးပါဘူးတဲ့...
အဲ့လိုတော့ ပြောတာပဲ....

အိမ်ပြန်ရောက်ရင် တစ်ချက်လောက်တော့
စစ်ကြည့်ရမယ်...”

ဟု ကျွန်တော်က ပြောတော့
ဖေဖေရော မေမေရော ရယ်ကာ

"နှစ်ကောင်သား တစ်ချိန်လုံးသတ်နေပုံပဲ...”

“ သေချာတာပေါ့ ဖေဖေရာ...”

ဟု ကျွန်တော်က ပြန်ဖြေရင်းဖြင့်
ခြံအရှေ့သို့ ရောက်လာကြသည်....
ခြံထဲကို ကားဝင်လိုက်ပြီး အိမ်ရှေ့တွင်
ကားရပ်လိုက်သည်...

မေမေနှင့်ဖေဖေ့ကိုတော့
အရင်ဝင်သွားခိုင်းလိုက်ကာ
ကျွန်တော်နှင့်ကိုကြီးက ကျွန်တော်တို့၏
Luggage များနှင့် ဟိုကလေး
ပူဆာထားသောပစ္စည်းများအား
သယ်ရဦးမည်လေ...

ကျွန်တော်တို့ ဒီနေ့ပြန်ရောက်မည်ဟု
အိမ်က ကလေးနှစ်ကောင်ကို
လှမ်းမပြောထားဘဲ ပြန်လာသည်ကြောင့်
သူတို့ အံ့သြနေကြမှာတော့
မြင်ယောင်ပါသေးသည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Donde viven las historias. Descúbrelo ahora