[ Zawgyi ]
“ ဟိတ်...ကလေးလေး...
တစ်ယောက်တည်းလား...
မင်းရဲ့ကိုကိုဆိုတဲ့လူရော
လာမကြိုဘူးလား...”လာပြန်ပြီ...ဒီကိုကို...ဒီကိုကို
စိတ်တိုလွန်းလို့ မေ့ထားတာကို
အစလာဖော်ပြန်ပြီ...ဘယ်လိုလူတွေလဲ မသိဘူး...
တစ်ရက်တစ်ရက်လိုက်နှောင့်ယှက်နေတာ
အလုပ်မရှိဘူးလား မသိဘူး...
တစ်ချိန်လုံး ငါ့အနောက်ပဲ
တကောက်ကောက်လိုက်နေတယ်...ဟွန်း...ကိုကိုကလည်း
တော်တော်အားကိုးရတယ်...
လာကြိုပါဆိုမှ...လာမကြိုတဲ့အပြင်
ဘယ်တောင်ရောက်နေမှန်းမသိဘူး...“ ကိုယ်တို့နဲ့ အအေးလိုက်သောက်ပါလား...
မင်းရဲ့ကိုကိုက လာမှ မကြိုသေးတာ...
ဒါမှမဟုတ် လာမကြိုတော့တာများလား...
ဟားးးးဟားးးးဟားးးးး..."ဟု နှစ်ယောက်သား ဟားတိုက်ကာ
လှောင်ကြပြန်သည်..." လာမကြိုလောက်တော့တဲ့
မင်းရဲ့ကိုကို ကို စောင့်ရင်းနဲ့
အအေးလိုက်သောက်လေ...
ကိုယ်ဝယ်တိုက်မယ်...ဘယ်လိုလဲ...”ဟု မေးနေသည်ကို ပြန်မပြောဘဲ
လမ်းကိုဆက်လျှောက်လာတော့
အနောက်ကနေ ကျွန်တော့ပုခုံးကို
လှမ်းဖက်လိုက်ကာ“ ဟိတ်...ကိုယ်တို့ကို
စကားလေးဘာလေးပြန်ပြောပါဦး...
မာနခဲလေးရဲ့...”ဟု ကျွန်တော့ကို သူ့လက်မောင်းနှင့်
ရင်ဘတ်ကြားညှပ်ထားကာ
ပြောလေသည်...ဘယ်လိုပင်ရုန်းရုန်း
ရုန်းမရသည်ကြောင့် စိတ်တွေက
တိုလာသည်...“ လွှတ်ပေး...”
“ ဟျောင့် မာနခဲလေးက
စကားပြန်ပြောပြီကွ...
စကားပြောလိုက်တော့လည်း
ချစ်စရာလေးပါလား...”ဟုပြောရင်း ကျွန်တော့ပါးကိုကိုင်ရန်
လုပ်နေသည့် သူ့ခြေထောက်ကို
ကျွန်တော့ခြေထောက်ဖြင့် နင်းချလိုက်ပြီး
သူ့ကိုစောင့်တွန်းကာ အမြန်ထွက်ပြေးလာစဉ် အနောက်ကနေ လိုက်လာကာ....“ ငါ့ကိုအသားနာအောင် လုပ်တာ
တစ်ခြားလူဆို မလွယ်ဘူးနော်...
ဒါပေမယ့် မင်းလေးကတော့ ခြွင်းချက်...
ဖုန်းနံပါတ်ပေး... ကိုယ်တို့ ညကျရင်
ဖုန်းဆက် လိုက်မယ်လေ...”
KAMU SEDANG MEMBACA
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
Fiksi PenggemarChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...