( Zawgyi )
ဒယ်ဒီ ၊ မာမီနှင့် ကလေးရဲ့ ဒယ်ဒီတို့
မိတ်ဆွေတွေက ပြန်သွားကြပြီး
လူငယ်တွေသာ ကျန်ခဲ့ပြီး
တစ်ဖြည်းဖြည်းနဲ့ ညဥ့်နက်လာပြီး
ပွဲက ပြီးသွားလေသည်...အလွန်အကျွံမူးနေသောသူများကို
အိမ်တိုင်ရာရောက် လိုက်ပို့ပေးရန်
ကားတွေစီစဉ်ပေးထားသည်ကြောင့်
စိတ်ပူစရာမလိုပေ...ဘယ်သူ့ကိုမှ စိတ်ပူစရာ မလိုပေမယ့်....
“ ဟင့်အင်း...ဟင့်အင်း...
ကဦးမှာ.... ကဦးမှာပါဆို...”ဟု အာလေးလျှာလေးဖြင့်
အော်ချင်တိုင်းအော်နေသော
အီးပေလေးအား အိမ်ထဲကို
တွဲခေါ်လာခဲ့သည်...“ အေးပါ....အေးပါ...
ကမယ်...ကမယ်...ပြီးရင် အတူတူ
ထပ်ကမယ်နော်...”ဟု ပြောလိုက်တော့ မျက်လုံးမှိတ်ထားပြီး
ပြောချင်ရာပြောနေရာကနေ လက်ညှိုးလေး
တစ်ချောင်းထောင်လိုက်ကာ“ ပြီးရင် ဟုတ်ရား...ပြီးမှဆိုရင်
အခုက ဘာရုပ်မှာရဲ...”ဟော စကားမပီ mode ကို
အော်တိုပြောင်းသွားပါပြီဗျာ...ဟု မျက်လုံးလေးကို နည်းနည်းလေး
ဖွင့်ပြီးမေးလေသည်...“ အခုက ဘာလုပ်မှာလဲဆိုတော့...
အခုတော့ အင်္ကျီလေးအရင်ချွတ်ရအောင်...”ဟု ပြောလိုက်တော့ သူ့ကို
ဘာလုပ်မယ်များ ထင်နေလဲမသိ...
သူ့ရင်ဘတ်ကိုသူ လက်ကလေးဖြင့် ကြက်ခြေခတ် ပုံစံလုပ်လိုက်ကာ" နှာပုကောင်ကြီး...
လာမထိနဲ့နော်....အော်လိုက်မှာ..."ဟု မျက်လုံးမဖွင့်ဘဲ ကျွန်တော့အား
ရန်လုပ်နေသည်..." အက်ျီလဲမယ်လေ...
လိမ္မာတယ်နော်... ငြိမ်ငြိမ်နေ...
ကိုယ်လဲပေးမယ်..."ဟု ထပ်ပြောသော်လည်း...
.“ ဟင့်အင်း...မရဘူး...
ကျွန်တော်က အဲ့လို တွေ့ကရာလူဆီမှာ
အက်ျီမချွတ်တတ်ဘူး...
အဲ့လိုလူမျိုးမဟုတ်ဘူး....”ဟု ပြောသည့် အကောင်ပေါက်လေးအား
ကျွန်တော့မှာ ပါးစပ်အဟောင်းသားနှင့်
ကြည့်နေမိတော့သည်...
ESTÁS LEYENDO
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanficChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...