Hate (1)(Z+U)

2.7K 128 9
                                    

''ဟေ့...''

''Chan...''

''ထတော့လေကွာ...''

''Chanဆို...''

နားနားကပ် လာနိုးနေတဲ့ တိုးညင်းညင်း အသံစူးစူးလေးကြောင့် သူ့ရဲ့ နံနက်ခင်းလေးဟာ ပြည့်စုံသွားခဲ့ရပါသည်။

''Mornee bae......အစောကြီးနိုးနေတာလား...''

''အွန်း...မင်းဒီနေ့ ကုမ္ပဏီမှာ အရေးကြီးတဲ့ meetingရှိတယ်ဆို ထတော့လေ...''

''အဟွန့်...အစောကြီးရှိပါသေးတယ် baeရဲ့...ကိုယ့်ဆီလာပါဦး...''

အိပ်ယာထဖို့အရေး ကလေးတစ်ယောက်လို ချွဲနေတဲ့ ချစ်ခင်ပွန်း Park Chanyeolကိုကြည့်ပြီးBaekhyun ခေါင်းယမ်းလိုက်ပါသည်။

''Chan..! မချွဲနဲ့တော့ကွာ...! ရေမိုးချိုးပြီး အဝတ်အစားလဲမနက်စာစားမှာနဲ့ဆို ရှစ်နာရီက ခဏလေးနဲ့ ထိုးသွားမှာ..ထလို့..''

''ဟွန့်...ငါးမိနစ်ပဲလို့....!Bae...နော်..! လာပါကွာ...''

''မရဘူး...''

''Bae.....Baeလို့....Baeကို ဖက်ထားချင်လို့ပါဆို...''

ဒီလိုပုံအတိုင်းဆို ဒီနေ့အဖို့ သူ၏ ချစ်လှစွာသော ချစ်ခင်ပွန်းကြီးမှာ အိပ်ယာထဖို့ လမ်းမမြင်ပေ... နောက်ဆုံးတော့လည်း Baekhyunပဲ အလျော့ပေးလိုက်ရပါသည်။

''မင်း အရမ်းဆိုးတယ် Chanရာ...ဒီလိုပုံနဲ့များ မင်းရဲ့ ရာချီထောင်ချီနေတဲ့ အလုပ်သမားတွေကို ဘယ်လိုအုပ်ချုပ်နေလဲဆိုတာ ငါတကယ်သိချင်မိတယ်....''

ဗျစ်တောက် ဗျစ်တောက်ရေရွတ်ရင်း ပြောပြောဆိုဆိုဖြင့် Chanyeol နံဘေးသို့ ဝင်လှဲလိုက်ပါသည်။

''အဟင်း..ဟင်း...အဲ့ဒါက တစ်ကန့်ဆီBaeရဲ့ မတူဘူး...''

''ကဲ!! ငါဝင်အိပ်ပြီးပြီ ထတော့...''

''ချစ်တယ် Bae...''

''.....''

သူ့မျက်နှာပေါ် အုပ်မိုးကြည့်ရင်း ပြောနေတဲ့ Chanyeolရဲ့ မျက်လုံးတွေထဲက ချစ်ခြင်းမေတ္တာတွေကို တွေ့နေရပါသည်။

သို့ပေမဲ့ ဘာစကားမှ မဖြေမိ Chanyeolဆီက ချစ်တယ်ပြောတိုင်း ဘာစကားမှ ပြန်မပြောပဲ သူတိတ်တိတ်လေးသာ နားထောင်နေမိသည်။

Hate (completed)Donde viven las historias. Descúbrelo ahora